ကချင်ပြည်နယ်က အေးချမ်းတဲ့ရာသီဥတုအောက်မှာ နန်းစုတစ်ယောက်တော့ အရမ်း ပျော်နေ တဲ့ပုံပါပဲ။ဒီအတွက်တော့ ကျောက်စိမ်းမြေရောက် ရှမ်းမလေးတစ်ယောက်လို့ရေး သားကာ ကချင်ပြည်နယ်က ကျောက်တွင်းတွေနားမှာ သူမကဓာတ်ပုံကလေးတွေရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာတွေ့ရပါတယ် ။

ကချင်ပြည်နယ်ကိုရောက်နေတာ သူမတစ်ယောက်တည်းတင်မဟုတ်ပါဘူး ပရိသတ်ကြီးရေ ။ ပရိသတ်ကြီးချစ်တဲ့ အဆိုတော် G- Fatt လဲသူမနဲ့အတူ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို အနုပညာနဲ့ပတ်သက်တဲ့ ဖွင့်ပွဲများနဲ့ လှုပ်ရှားမှုတွေတိုင်းမှာ နှစ်ဦးသားအတူ တက်ရောက်ကြတာကို မြင်တွေ့ရလေ့ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော နန်းစုကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြောင် မြောက်စွာ သရုပ်ဆောင်နိုင်သလိုပဲ ကြည့်ရှုနားထောင်သူ သန်းပေါင်းများစွာရှိခဲ့တဲ့ “ ရူးအောင်ချစ်ရသူ” ဆိုတဲ့သီချင်းလေးကို သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။

အချစ်ရေးကတော့ ပရိသတ်အားလုံးသိရှိပြီးသားဖြစ်လို့ ထင်ပါတယ်။ နှစ်ဦးစလုံးက အနုပညာရှင်တွေမို့ ဝါသနာတူ ရည်ရွယ်ချက်တွေတူညီပြီး ပျော်ရွင်စရာကောင်းတဲ့ Relationship တစ်ခုကိုပိုင်ဆိုင်ထားသလို တခါတလေ ချစ်သူသဘာဝ သဝန်တို တက်တာလေး တွေရှိတက်ပါတယ်တဲ့ ပရိသတ်ကြီးရေ ။

Source – Nansu Yati Soe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။