ဖေဖော်ဝါရီလ ၃ရက်နေ့က ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီများနျှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ အဆိုပါဖမ်းဆီးရမိသော ဘင်္ဂါလီ ၂၁ ဦးကို ဖေဖော်ဝါရီလ ၃ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန် - ပုသိမ် ကားလမ်း၊ မိုင်တိုင်အမှတ် ၂၉/၅ နှင့် ၂၉/၆ ကြားတွင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယင်း ဖမ်ဆီရမိသော ဘင်္ဂါလီများသည် FOTON ကားအမျိုးအစား နံပါတ် 9I/7977 ဖမ်းဆီးမိခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ 

အဆိုပါ ကားကို မောင်းနှင်သူနှစ်ဦး နှင့်အတူ ဘင်္ဂါလီ ၂၁ဦးကို ညောင်တုန်းရဲစခန်းတွင် အရေးယူထားကြောင်း သိရပါတယ်။ ယင်းကိစ္စနဲ့ ပတ်သက်ပြီး " ဆင့်ကဲ ဆင့်ကဲစစ်ဆေးရေးဂိတ်တွေကို စစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းမှာ ဂွဘက်ကဝင်တဲ့ ရေနံသာစစ်ဆေးရေးဂိတ်၊ သံတွဲဘက်က လာရင် ဘတ်ရဲစစ်ဆေးရေးဂိတ်က စစ်ဆေးပါတယ်၊အခု ဖြစ်စဉ်မှာလည်း ပေါ့လျော့စွာစစ်ဆေးတဲ့ရေနံ့သာစစ်ဆေးရေးဂိတ်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး အရေးယူဆောင်ရွက်ဖို့စီစဉ်ထားပါတယ်” ဟု ဒုတိာယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဘင်္ဂါလီ၂၁ဦးဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တရားစွဲဖို့ ညောင်တုန်းမြို့နယ် တရားရုံးမှာ စီစဉ်ထားကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဘင်္ဂါလီများအား ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖမ်းဆီးရမိခြင်းလည်းဖြစ်ကြောင်း သိရပါတယ်။

Source - MZM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။