အခုလို လူရဲ့ မစင် ပုံစံ အတိုင်း ဖန်တီးထားတဲ့ မုန့်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တရုတ်နိုင်ငံမှာ နာမည်ကြီး လူကြိုက်များခဲ့တယ် ဆိုလည်း မမှားပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ ဂျပန်၊ ကိုရီးယား၊ ကနေဒါနဲ့ ထိုင်းနိုင်ငံတို့မှာပါ ဒီလို မုန့်ပုံစံမျိုးကို အရသာ မျိုးစုံနဲ့ ရောင်းချ လာကြပါတယ်။  

ဒီလို လူတွေ ရွံရှာကြတဲ့ မစင်ကို ချစ်စရာကောင်းတဲ့ မုန့်ပုံစံမျိုး ဖန်တီးပြီး သုံးဆောင်ကြမယ်ဆို အတော် ပျော်စရာ ကောင်းမှာပဲ ဆိုတဲ့ စိတ်နဲ့ ဒီမုန့်ကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမုန့်ကို စားသုံးဖို့ စစ ချင်းမှာတော့ နည်းနည်း အော်ဂလီဆန်ပြီး ရွံစရာ ကောင်းတယ်လို့ တွေးနိုင်ပေမယ့် စမ်းစားကြည့်ရင်းနဲ့ ပျော်စရာကောင်းပြီး အရသာ ကောင်းတာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။  

ကနေဒါ မှာရှိတဲ့ “Poop Café” နဲ့ တရုတ်နိုင်ငံရဲ့ “Toilet Themed Restaurant" ကတော့ တကယ့်ကို နာမည်ကြီး စားသောက်ဆိုင်တွေ ဖြစ်ခဲ့ပါတယ်။ ထို့နောက် ထိုင်းနိုင်ငံမှာလည်း လူတွေရဲ့ မစင်အတိုင်း ပူတင်း ပြုလုပ်ပြီး ပျော်ရွင်စရာ မုန့်တစ်မျိုးအဖြစ် အဓိကထားပြီး ရောင်းချခဲ့ပါတယ်။ ဒီလို မုန့်မျိုးကို စားသုံးဖို့ စဉ်းစားမိတဲ့အခါ ဖြစ်ပျက်သွားတဲ့ မျက်နှာ အမူအရာများကလည်း ချစ်စရာ ကောင်းတာကြောင့် ဒီမုန့်ကတော့ နာမည်ကြီးခဲ့ပါတယ်။

ဘယ်လိုလဲ သင်ဆိုရင်ရော နှစ်နှစ်ခြိုက်ခြိုက် စားမှာလား ??? သူရဲ့ အရသာကလေ ဘယ်လို ပြောရမလဲ ဆိုတော့ ….

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။