အရှေ့တရုတ်နိုင်ငံ Jiangsu ပြည်နယ်၏ မြို့တော်နန်ကျင်း မှာနေထိုင်တဲ့ အမွှာညီမနှစ်ယောက်ကတော့ လတ်တလော မှာ လူအများ၏စိတ်ဝင်စားမှုကိုအများဆုံးခံနေရတယ်လို့သိရပါတယ်။ထိုအမွှာညီအစ်မရဲ့နာမည်ကတော့ Sun Yumeng နဲ့ Sun Yutong တို့ဖြစ်တယ်လို့သိရပါတယ်။ သူမတို့ညိအမနှစ်ယောက်ကတော့ ဘက်စုံထူးချွန်ပြီး ရုပ်ရည်လဲချောမောလှပသည့်အပြင် ဟားဗတ်တက္ကသိုလ်ကနေ တစ်နှစ်ထဲဘွဲ့အတူရခဲ့တဲ့အတွက် လူအများကြားရေပန်းစားနေတာဖြစ်တယ်လို့လဲသိရပါတယ်။

ထိုညီအစ်မနှစ်ယောက်ကတော့ ငယ်ရွယ်စဉ်အခါထဲက ပညာရေးမှာအရမ်းထူးချွန်တယ်လို့သိရပါတယ်။ နှစ်ယောက်အတူညီညီညွတ်ညွတ်နဲ့ ပညာတွေကိုအတူတကွဆည်းပူးလေ့လာခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာရယူနိုင်ခဲ့သလို အားကစားဘက်မှာလည်း နိုင်ငံအဆင့်ဆုတံဆိပ်တွေပါ ဆွတ်ခူးရရှိခဲ့တယ်လို့လဲသိရပါတယ်။ ရုပ်ရည်ရူပကာကလဲချောမောလှပလှတဲ့အပြင် လူအများစုမတက်ရောက်နိုင်တဲ့ ဟားဗတ်တက္ကသိုလ်ကနေ တနှစ်ထဲအတူတူဘွဲ့ရခဲ့တဲ့အတွက်ကြောင့် လူစိတ်ဝင်စားမှုအများဆုံးခံနေရတယ်လို့လဲသိရပါတယ်။သူတို့ညီမနှစ်ယောက်ကတော့ အခုအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးကကျောင်းသားကျောင်းသူများလေးစားအားကျရတဲ့ စံနမူနာပုဂ္ဂိုလ်တွေအဖြစ်ရပ်တည်နေတယ်လို့လဲသိရပါတယ်။

သူမတို့ရဲ့မိခင်ဖြစ်သူကလဲ အခုလိုသမီးလေးနှစ်ယောက်ပို်င်ဆိုင်ထားတဲ့အတွက် အရမ်းဂုဏ်ယူပျော်ရွှင်ရတယ်လို့လဲသိရပါတယ်။ သူမအနေနဲ့အတိတ်ဘဝက ကမ္ဘာကြီးကိုကယ်တင်ကယ်ခဲ့ဖူးလို့ကံအလွန်ကောင်းပြီးအခုလိုသမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ရတာလားလို့တောာင်တွေးထင်မိနေတယ်လို့သိရပါတယ်။ ထိုညီအစ်မ့နှစ်ယောက်ရဲ့ဘဝဖြတ်သန်းမှု ၊ကြိုးစားအားထုတ်မှုတွေကို နိုင်ငံပေါင်းစုံက မီဒီယာမျိုးစုံကလဲ လေးစားအတုယူဖွယ်ကောင်းလောက်အောင်ရေးသားဖော်ပြနေကြတယ်လို့လဲသိရပါတယ်။

source - Opinion Leaders Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။