အိမ်ထောင်တစ်ခုကို မပြိုကွဲဖို့အတွက် မိန်းမတစ်ယောက် ဘယ်လောက်တောင်ကြိုးပမ်းခဲ့ရလဲဆိုတာဒီစာကို ဖတ်ရင်သိနိုင်ပါတယ်။ နေ့စဉ်မပြတ်တင်နေတဲ့ မခငယ်ရဲ့ ဗီဒီယိုတွေကို ကြည့်လိုက်ရင်ဖြင့် အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ယောက်ျားကို ခြောက်တစ်ခါ ချော့တစ်ခါပြုလုပ်ကာသည်းခံခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခကို မြင်တွေ့ရသလိုပါဘဲ။ သူတစ်ပါးအကြောင်းကို ဗီဒီယိုတွေတင်ကာ ပြောနေတာက မဟုတ်သော်လည်း ဒီလောက်တောင်ခံစားခဲ့ရတဲ့ ရင်ကွဲခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ အငြိုး၊ ကလဲ့စားခြေမှုဆိုရင်တော့ သိပ်လွန်တယ်မထင်ပါဘူး။

မခငယ်ပြောကြားချက်အရ သူမဟာ စိုးသူနှင့် စိုးမြတ်နန္ဒာအကြောင်းသိပြီးနောက်ပိုင်းသူမဟာ တော်တော်များများကို လိုက်လျောပေးခဲ့ပါတယ်။ ပထမမှာတော့ စိုးသူဟာ ဖုန်းခိုးပြောတဲ့ အဆင့်သာရှိသော်လည်း ကြာလာတာနှင့် အမျှ ဖောက်ပြန်နေတဲ့ မိန်းမနှင့် စကားပြောဖို့အတွက် လင်ယောက်ျားက ပြောတဲ့ စကားကို နားထောင်ပြီး သမီးလေးကို လက်တွဲကာ အိမ်ပေါ်တက်နေရတဲ့ မိန်းမ၊ သူတို့နှစ်ယောက် အေးအေးဆေးဆေးပြောဖို့အတွက် မသိချင်ယောင်ဆောင်ခိုင်းကာ အိမ်ပေါ်တက်နေခဲ့သော်လည်း ပြောပြီးပြီထင်လို့ အောက်ဆင်းလာတဲ့အခါမှာတောင် ပြောလို့မပြီးသေးတာကို ဆင်းလာရသလားဆိုပြီး အပေါ်ပြန်တက်ခိုင်းခဲ့တဲ့ လင်ယောက်ျားကို နာကြည်းခဲ့တဲ့ သူမကို မှားတယ်လို့လဲပြောလို့မရပါဘူး။

ထိုကဲ့သို့သောကိစ္စတွေအပြင် စိုးသူတစ်ယောက်ဟာ စိုးမြတ်နန္ဒာ က သူ့ဖုန်းတွေမကိုင်တော့လို့ မခငယ်ကို စိုးမြတ်နန္ဒာကို ဖုန်းဆက်ခိုင်းကာ 'စိုးသူက မြန်မာပြည်ကို နံ့နံ့တက်ပြန်ချင်နေတာပါ' ဆိုပြီးပြောခိုင်းတာကို ပြောပေးခဲ့တဲ့ အထိ လိုက်လျောခဲ့ရတဲ့ မိန်းမတစ်ယောက်ဟာ နောက်ကြောင်းတွေပြန်ဖော်ကာ ချေးခြောက်ရေလူးတယ်လို့ အပြောခံရရင်လည်း တန်တယ်လို့ထင်မိပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။