မြန်မာနိုင်ငံအနေနဲ့ ဂေါက်ရိုက်ခြင်းက ပြည်သူအားလုံးနီးပါးမကစားနိုင်သေးတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ တစ်ကယ်တော့ ဂေါက်ရိုက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်ကူပြုစေပါတယ်။ ခန္ဓာကိုယ်ကိုသန်စွမ်းမှု ပျော့ပျောင်းမှု၊ အာရုံစိုက်နိုင်မှုတွေကို အဓိကအထောက်ကူပြုနိုင်ပါတယ်။ ဂေါက်ရိုက်ခြင်းကြောင့် ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်ပေးခြင်းကြောင့် အမျိုးသား၊ အမျိုးသမီး တွေလည်း ကစားနိုင်တဲ့နည်းတစ်မျိုးဖြစ်ပါတယ်။ ဂေါက်ရိုက်တဲ့အခါ လည်းဘယ်လိုအာဟာရဓတ်တွေ လိုအပ်တယ်ဆိုတာဖော်ပြပေးမှာပါနော်။

ဂေါက်ရိုက်တာက်ုိ ပျမ်းမျှအားဖြင့် ကျင်း ၁၈ ကျင်းရိုက်ရင် ခြေလှမ်းပေါင်း နှစ်သောင်းခုနှစ်ထောင်ခန့် လျှောက်ရ ပါလိမ့်မယ်။ကုန်သွားတဲ့အားအင်တွေအတွက် ဂေါက်မရိုက်ခင်ကတည်းက အစာကိုဝအောင်စားထားပေးပါ။ ဝအောင်စားတာထက် မကြာမကြာစားထားတာက ပိုကောင်းစေပါတယ်နော်။ မနက်ခင်မှာ ကြက်ဥ ပေါင်းမုန့်ညို ဒိန်ချဉ်၊ ကွေကာ စတာတွေကိုစားပေးသင့်ပါတယ်။ နောက်ထပ်စားပေးသင့်တာကတော့ ဆင်းဒဝှစ်ချ် ၊စွပ်ပြုတ်၊ ဟင်းရွက်သုပ် စတာတွေကိုလည်း စားပေးသင့်ပါတယ်နော်။

ကယ်လိုရီ ၂၀၀ ခန့်၊ ကာဗိုဟိုက်ဒရိတ် ၃၀ ဂရမ်၊ တဲ့အစားစားထဲ ပါဝင်သင့်ပါတယ်။ ဂေါက်ရိုက်တဲ့အချိန်ျ ၁-၂ နာရီကြာလိုက်တိုင်း အာဟာရဓတ်အနည်းငယ်ကို ဖြည့်တင်းပေးပါ။ သရေစာဆိုရင်တော့ သစ်သီး (၁)တစ်လုံး ခရက်ကာမုန့် (၆) ချပ် ၊အားကစားသမားတွေသောက်တဲ့ ဖျော်ရည်တစ်ခွက်ဆိုရပါပြီ။ ပြီးတော့ရေဓာတ်ဖြည့် တင်းပေးရပါမယ်။ ဂေါက်သီးမရိုက်ခင်လေးမှာ ၁၅ မိနစ်အလို ရေ ၁၅ အောင်စသောက်ပေးပါနော်။ ရေတစ်အောင်စဟာ ရေတစ်ငုံစာ နဲ့ညီမျှစေပါတယ်။ ရေဓာတ်ပြည့်ဝခြင်းက ကြွက်သားခံနိုင်ရည်ရှိစေဖို့နဲ့ ခံနိုင် စွမ်းအားကောင်းစေဖို့ အထောက်ကူပြုစေပါတယ်နော်။ အားလုံးပဲကျန်းမာကြပါစေ။

Source : ကေအမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။