ဘောလိ၀ုဒ်ရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ အမရ် ခန်း တစ်ယောက် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ အတော်လေး ဟော့နေပါတယ်။

မသိတဲ့သူတွေကတော့ ဒီလိုအမျိုးသမီးသုံးလစဉ်သုံးပစ္စည်းကိုင်ပြီး ဓာတ်ဖမ်းတဲ့ အမရ်ခန်းကို မြင်တော့ ဘာများလဲဆိုပြီး စိတ်ဝင်တစားမှတ်ချက်ပေးခဲ့တာတွေရှိပါတယ်။

တကယ်တော့ အမရ်ခန်းက ဘောလိဝုဒ်နာမည်ကြီး မင်းသားသုံးလက်ဖြစ်တဲ့ အမီတာဘဂျမ်း၊ရှာရွတ်ခန်း နဲ ့စလ်မားန်ခန်း တို ့ကို အမျိုးသမီးလစဉ်သုံးပစ္စည်းကိုင်ပြီး ဓါတ်ပုံရိုက်ဖို့ တွစ်တာကနေ Tag တွဲပြီး စိန်ခေါ်ခဲ့ပါတယ်။

“ကျွန်တော်ကတော့ အမီတာဘဂျမ်း၊ရှာရွတ်ခါန်း နဲ ့စလ်မားန်ခန်း တို ့ကို စိန်ခေါ်ပါတယ်” ဆိုပြီး သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ် (Pad) ထုတ်လုပ်သူ အိန္ဒိယနိုင်ငံသား Arunachalam အကြောင်း အခြေခံပြီး Pad Man ဆိုတဲ့ ရုပ်ရှင်ကားကို လာမယ့်ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဇာတ်ကားကို ရည်ရွယ်ပြီး အခုလို စိန်ခေါ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဇာတ်ကားမှာ အဓိကဇာတ်ဆောင်မင်းသားအနေနဲ့ မင်းသား Akshay Kumar နဲ့ အတူ မင်းသမီး ၂ လက် လည်းပါ၀င်ထားပါတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမူများတဲ့ အိန္ဒိယမှာ အမျိုးသမီးတွေ ဓမ္မတာ လာချိန် ပိုပြီး ခွဲခြားဆက်ဆံခံရကာ မပြောရဲ၊မဆိုရဲ ရှက်ကြောက်နေတဲ့ စိတ်အမူကျင့်တွေကို ဆန့်ကျင်ပပျောက်အောင် ရည်ရွယ်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ဖြစ်လေ့ရှိတဲ့ ဓမ္မတာ ရာသီသွေး ဆင်းတာဟာ သဘာဝတရားဖြစ်ပြီး ဒီလိုဖြစ်ချိန်မှာ အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်(Pad) သုံးတာဟာ ရှက်ရွံ၊စိုးရိမ်၊ကြောက်ရွံ နေစရာမဟုတ်ကြောင်း ပညာပေးရိုက်ကူးထားပါတယ်။ အရှေးကူမားရ် ရဲ့ ဇနီး Twinkle Khanna ကိုယ်တိုင် ထုတ်လုပ်သူအဖြစ် ပါ၀င်ရိုက်ကူးထားတာဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားက ပရိသတ်တွေနဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကြီးဆယ်လီတွေကပါ မင်းသား အမရ်ခန်းရဲ့ ဒီစိန်ခေါ်မှုကို ထောက်ခံအားပေးနေကြပါတယ်။  

Source :dindia.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။