ချစ်တဲ့အနုပညာကတစ်ဖက် သမီးငယ်လေးကတစ်ဖက်နဲ့ ပြေးလွှားနေရတဲ့ချမ်းချမ်း တစ်ယော က်တော့ ဖျော်ဖြေရေးပွဲများအတွက် ခရီးတွေဆက်တိုက်ထွက်ကာ အလုပ်တွေ များနေခဲ့ပါတယ်။

သမီးငယ်လေးနဲ့ သူမဘဝရှေ့ရေးအတွက် သိပ်မလိုတော့တဲ့ နှစ်အတောအတွင်းမှာ သူမရဲ့စိတ်ကူးလေးတွေအကောင်အထည်ဖော်နိုင်ဖို့အတွက် အလုပ်တွေကြိုးစားနေတာလို့လဲ ဆိုပါတယ်။

သမီးငယ်လေးသာရှိတဲ့ သူမဘဝမှာ သမီးလေးကျန်းကျန်းမာမာနဲ့ စိတ်ဒဏ်ရာတွေမရှိပဲ ပျော်ရွှင်စွာ ကြီးထွားလာတာကို မြင်ရတာက သူမဘဝအတွက် အကြီးကျယ်ဆုံးသော ပျော်ရွှင်မှုဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒီဆန္ဒဟာ မိဘတိုင်းက သားသမီးအပေါ်မှာ ထားတဲ့ မေတ္တာတရားပါပဲ။

သမီးလေးနဲ့အတူ တောင်ပေါ်မြို့ပေါ်မြို့လေးတစ်မြို့မှာ သွားရောက်အခြေချကာ နေထိုင်ဖို့လဲ ရှိကာ အဲဒီမြို့လေးကတော့ မွန်းကျပ်မှုတွေ အောင်မြင်ကျော်ကြားမှုတွေနဲ့ ကင်းဝေးရာ တောင်ကြီးမြို့လေးပါတဲ့ ပရိသတ်ကြီးရေ။

ဂီတလောကထဲကို စတင်ကတည်းက ချမ်းချမ်းဆိုတဲ့ သူမကို ပရိသတ်ကလက်ခံ အားပေးခဲ့တာ ယနေ့ထိပါပဲ။ အချစ်သီချင်းချိုချိုကလေးတွေကလည်း အောင်မြင်ခဲ့သလို အသည်းကွဲသီချင်းလေးတွေကလည်း ပရိသတ်နှုတ်ဖျားမှာ ရေပန်းစားနေဆဲ အောင်မြ င်နေဆဲဆိုတာ အနယ်နယ်အရပ်ရပ်က သူမရဲ့ပရိသတ်တွေက သက်သေပါပဲ။ နောက်ထပ် ရော ဘယ်လိုသီချင်းလေးတွေကို ပရိသတ်ကြီးအတွက် ဖန်တီးပြအုံးမလဲဆိုတာကို တူတူစောင့်မျှော်လိုက်ရအောင်နော် ။

Source – Chan Mya Nyein FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။