HMD Global က နိုကီယာဘရန်းကို ပြန်လည် အသက်သွင်းနေပါတယ်။ ကုမ္ပဏီကအစောပိုင်းတွင် တရုတ်မှာ Nokia 6 ကိုစတင် ရောင်းချပေး ခဲ့ပြီးပထမကွာတားမှာတင် အလုံးရေ ၁၀၀ ၀၀၀ ကိုရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီဟာယုံကြည်မှု ရှိလာခဲ့ပြီးအခြား နိုင်ငံများ မှာမော်ဒယ်များစွာကိုတိုးချဲ့ရောင်းချပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒုတိယကွာတားမှာတော့ ကုမ္ပဏီက Nokia 5 , 3 စမတ်ဖုန်း များကိုမိတ်ဆက်ခဲ့ပါတယ်။ 

အဲဒီစမတ်ဖုန်း နှစ်လုံးနဲ့အတူ Nokia 6 ကို နိုင်ငံတကာမှာတိုးချဲ့ရောင်းချပေးခဲ့တဲ့အတွက် ရောင်းအားဟာ အလွန်ကောင်းလာခဲ့ပါတယ်။ တရုတ်မှာတော့ နိုကီယာဖုန်းအသစ် များဟာရောင်းအားသိပ်မကောင်းခဲ့ပါဘူး။Nokia စမတ်ဖုန်းများဟာ ၂၀၁၇ ခုနှစ်မှာကွာတားအလိုက် ရောင်းအား များတိုးတက်လာခဲ့ပါတယ်။ ယခင်နှစ်ရဲ့ နောက်ဆုံးသုံးလမှာရောင်းအား အကောင်းဆုံးဖြစ်ခဲ့ပါတယ်။  

HMD ဟာကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၁ ရာခိုင်နှုန်းကိုသာယခင်နှစ်မှာပိုင်ဆိုင်ခဲ့ပြီးစမတ်ဖုန်းအလုံးရေ ၈.၄၅ သန်းရောင်းချနိုင်ခဲ့တယ်လို့ Counterpoint Research ရဲ့ စစ်တမ်းအရ သိရပါတယ်။HMD က နိုကီယာဘရန်းအမည်ဖြင့် Keypad Phone များကိုပါ ထုတ်လုပ်ရောင်းချပေးနေပါတယ်။ တတိယကွာတားမှာ Keypad Phone အလုံးရေ ၁၃.၅ သန်းကိုရောင်းချနိုင်ခဲ့ပါတယ်။ စတုတ္ထကွာတားမှာ အိန္ဒိယတွင် Keypad Phone ကဏ္ဍမှာပဌ္စမမြောက် ရောင်းအား အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ 

Source : Mobile Guide  ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။