မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ၎င်းသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း သိရပါတယ်။ မကြာသေးမီက ရန်ကုန် - လားရိူး အဝေးပြေးလမ်းတွင် မောင်းနှင်နေသည့် ယာဉ်ပေါ်တွင် သတ်နတ်အရှည်ဟု ယူဆရသော အရာများကို ဖမ်းဆီးရမီခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရန်ကုန် - လားရိူး အဝေးပြေးကားဖြစ်တဲ့ မန်းရွှေပြည် ကားပေါ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ၊ မနက် ၁၀နာရီက အောင်မင်္ဂလာအဝေးပြေးဝင်း မန်းရွှေပြည် ကားဂိတ်မှာ ရဲတပ်ဖွဲ့က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

" ကားဝင်းရောက်မှ ဖြစ်သွားတာ။ စနိုက်ပါလို့လည်း ပြောကြတယ်။ ဖန်သီးလို ဟာတွေလည်း တွေ့တယ်။ လေမှုတ်ကွန်ပရက်စာနဲ့ ပစ်တဲ့ gunဆိုရင် ရဲတွေက လာဖမ်းစရာမှ မလိုတာ”လို့ အမည်မဖော်လိုသူ တစ်ဦး က ပြောပြခဲ့ပါတယ်။ လားရှှိုးကနေ ရန်ကုန်ကို ပြန်လာချိန် မန္တလေးက ဂိတ်ပိုင်ခြံလို့ ယူဆရတဲ့ ခြံတစ်ခု မှာ ယာဉ်အနေနဲ့ ဆီဝင်ဖြည့်ချိန် ကုန်တွေထပ်တင်ပေးလိုက်ရာကနေ ပါလာတာလို့ သိရပါတယ်။ အဆိုပါ ယာဉ်ဟာ အထူးယာဉ်ဖြစ်ပြီး လားရှိုးကနေ ရန်ကုန်ကို ဖေဖော်ဝါရီလ ၄ရက်နေ့ ညနေ ၅နာရီ က စတင်ထွက်ခွာခဲ့တာလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ ပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပြီဖြစ်ပြီး ထင်းရှုးသေတ္တာပုံးအပြည့် ရှိတယ်လို့ သိရပါတယ်။ မန္တလေးကနေ တင်ပို့လိုက်တဲ့ အဆိုပါ ပစ္စည်းတွေကို ရန်ကုန်ကနေ လာရောက်ထုတ်ယူသူဟာ ရဲတပ်ဖွဲ့ဝင်တွေ မလာခင်မှာပဲ ပစ္စည်းသယ်ဖို့ ကားငှားမယ်ဆိုပြီး ပြောရမှ ပြန်မလာတော့ဘူးလို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲမှူးကြီး ဦးလှေ၀ ကတော့ အတိအကျ မသိရသေးဘူးလို့ ပြောပြထားပါတယ်။

Source - KMD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။