ကလေးလေးတွေက အိမ်ထောင်စုတစ်ခုရဲ့ဂီတဆိုလည်းမမှားပါဘူးနော်။ ကလေးရှိတဲ့အိမ်လေးဆိုရင် သာယာတာပေါ့။ တစ်ခုပြောချင်တာက ကလေးလေးတွေဟာ လူကြီးတွေလိုပဲ စိတ်ဓာတ်ကျတတ်ပါတယ်။ သူတို့တွေလည်း ခံစားတတ်တဲ့ အသဲနှလုံးလေးတွေပါပါတယ်။ လူကြီးတွေအနေနဲ့ စိတ်ဓာတ်ကျတာတွေကို ခံနိုင်ရေရှိဖို့ ရုန်းထွက်ဖို့ နည်းလမ်းရှာတတ်ပေမဲ့ ကလေးလေးတွေကျတော့ အဲလိုနည်းလမ်းလေးတွေကို မရှာတတ်ကြပါဘူး။ ဒါကြောင့် လူကြီးတွေအနေနဲ့ ကလေးနားနြေ့ပီး သူတို့ကိုအထူးဂရုစိုက်ပေးရပါတယ်။

လူကြီးတွေကတော့ ဒီင်္ကလေးဟာ စိတ်ပျော်ရွင်နေလား မပျော်ရွင်ဘူးလားဆို်တာတော့ နားလည်းရပါလိမ့် မယ်။ ကလေးတွေဟာ ဦးနှောက်အတွင်းဓာတ်ပစ္စည်းတွေ မညီမျှတာကြောင့် ပဲဖြစ်ဖြစ်၊ ပူဆွေးသောကနဲ့ ကြုံရတာပဲဖြစ်ဖြစ် ကလေးတွေဟာစိတ်ဓာတ်ကျတတ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့အပြုအမှု တွေကို စောင့်ကြည့်ရပါလိမ့်မယ်။ ကလေးဟာအိပ်ရာထဲမှာလဲလျောင်းနေပြီး ဘာမှ စိတ်ပါဝင်စားမှုမရှိတာ၊ ကျောင်း မတက်ချင်တော့တာ၊ စိတ်တိုလွယ်တတ်ခြင်း၊ ဂျီကျနေခြင်း၊ တို့အမြဲဖြစ်နေပြီးဆိုရင် သတိထားသင့်ပါတယ်။

ဒါကြောင့်ကလေးတွေကို ယုယမှုပေးပါ။ ပန်းချီဆွဲခြငး်၊ တေးဂီတတွေကို စိတ်ဝင်စားအောင်လုပ်ပေးခြငး်၊ ကလေးနဲ့အတူထိုင်ပြီး အတူပါဝင်နေရပါမယ်။ ဒီနည်းလမ်းလေးတွေနဲ့ ကုစားလို့ရပါတယ်။ကလေးနဲ့အတူ ကစားပေးပါ။ ကစားကွင်းဆီကို မကြာမကြာခေါ်သွားပေးပါ။ ရွယ်တူကလေးလေးတွေနဲ့ ကစားခိုင်းပါ။ င်္ဒီနည်းနဲ့ မရရင်လည်း ကလေးဆရာဝန်တွေနဲ့ တိုင်ပင်ပြသပြီး ဆေးဝါးကုသမှုခံယူတဲ့အခါလည်း ပြန်လည်း ကောင်းမွန်ကြောင်း သိရှိရပါတယ်။အားလုံးပဲကျန်းမာချမ်းသာကြပါစေ။

Source : ဇွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။