ဖေဖော်ဝါရီ(၄)ရက်နေ့ ညနေ(၄:၀၅)အချိန်ခန့် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်၊ အနီးမိတ္တီလာ ကျောက်ပန်းတောင်းကားလမ်းတွင် တက္ကသိုလ်မှကျူတာတစ်ဦး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာ မိတ္တီလာကျောက်ပန်းတောင်း ကားလမ်းမိုင်တိုင် အမှတ်(2/2)နှင့်(2/3) ကြား ရှု့ခင်းသာ အအေးဆိုင် ရှေ့လမ်းမပေါ်တွင် အရှေ့မှအနောက် Lighttruck(၆)ဘီးယာဉ်မှ ဝင်တိုက်ခဲ့မိတာ ပဲဖြစ်ပါတယ်။၎င်း 8I /1439 CANTER Lighttruck ယာဉ်ဟာရှေ့မှ သုံးဘီးဆိုင်ကယ် အားရှောင်တိမ်းရာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာတဲ့ ဆိုင်ကယ်ယာဉ်အမှတ်F/2139Shayang110 အနက်ရောင် အားဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ နယ်မြေခံရဲစခန်းမှ အရာရှိတစ်ဦးကပြောပါတယ်။

အဆိုပါ 8I /1439 CANTER Lighttruck ယာဉ်ကိုမောင်းနှင်လာသူကတော့ မောင်းသန်းထိုက်(၃၇)နှစ်ဖြစ်ပြီး အောင်းကုန်းကျေးရွာပျော်ဘွယ်မြို့နယ်နေတယ်လို့ စစ်ဆေးမေးမြန်းချက်အရ သိရပါတယ်။၎င်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ တက္ကသိုလ်ကျူတာတစ်ဦး ဖြစ်သူအမျိုးသားဟာ ဦးခေါင်းကွဲ အက်ယာလက်ကောက်ဝတ်ကျိုး၊ ဝဲဘက်ခြေသလုံးရိုးကျိုးဒဏ်ရာများနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့ တာပဲ ဖြစ်ပါတယ်။ အဆိုပါ လူနာအား ရဲစခန်းဆေးစာဖြင့် ပြည်သူကြီးသို့ ဆေးရုံတင်ပို့နေစဉ် သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ လူအသက်သေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူ သန်းထိုက်(၃၇)နှစ် အောင်းကုန်း ကျေးရွာပျော်ဘွယ်မြို့နယ်နေသူအားမြို့မရဲစခန်းယာဉ်(ပ) ၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ -၃၀၄ ( က) အရအမှု ဖွင့်အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ မိတ္တီလာမြို့မ ရဲစခန်းမှ အရာရှိတစ်ဦး ကပြောပါတယ်။ အဆိုပါ ယာဉ်တိုက်ခံရမှု ကြောင့် သေဆုံးသွားခဲ့တဲ့ အမျိုးသားကတော့ တက္ကသိုလ်ကျူတာ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မိတ္တီလာမြို့မှ ဦးနိုင်နိုင်(၂၈)နှစ်ဖြစ်တယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - ZMT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။