အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဒုတိယအကြိမ်ဟတ်ထိခဲ့ရပြန်တယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်မေလ တုန်းကလဲ ထရန့်အနေနဲ့ ဇနီးသည်ကြောင့် လူမြင်ကွင်းမှာ ပထမဆုံးအကြိမ်အရှက်ရဖူးတယ်လို့လဲသိရပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာလဲ ဇနီးသည်ကြောင့်ပဲ ထရန့်ထပ်ပြီး အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့သူရဲ့ချစ်ဇနီးတို့ ဇန်နဝါရီလ ၆ ရက်နေ့က အိမ်ဖြူတော်မှ အိုဟိုင်ယိုးကို ထွက်ခွာရင်းနဲ့ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ထွက်ခွာရာမှ သမ္မတရဲ့ ရဟတ်ယာဉ် Marine One ပေါ်မတက်ခင် နှစ်ယောက်အတူလမ်းလျှောက်နေရင်းနဲ့ ထရမ့်မှ ဇနီးသည်ရဲ့လက်ကို ကိုင်ဖို့ကြိုးစားခဲ့စဉ်ဇနီးသည်ကလုံးဝအကိုင်မခံခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။
အခွင့်သာရင်သာသလို မီဒီယာတွေရှေ့မှာ ဇနီးသည်ရဲ့လက်ကိုကိုင်ဖို့ကြိုးစားတတ်တဲ့ ထရန့်အတွက်တော့ လုံးဝဟက်ကော့ကြီးဖြစ်ခဲ့ရတယ်လို့လဲသိရပါတယ်။ဇနီးသည်နဲ့ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ ရှိနေကြောင်းကို ပြည်သူတွေကိုချပြချင်တဲ့ သမ္မတ တယောက်ရဲ့ခံစားချက်ကို လက်မှိုင်ချပြီး ထရန့်အနေနဲ့ ရဟတ်ယာဉ်ပေါ်ကို မျက်မှောင်ကြုံ၍သာတက်သွားခဲ့ရတယ်လို့သိရပါတယ်။ သမ္မတဖြစ်ပေမယ့် ချစ်တတ်တဲ့နှလုံးသားပိုင်ဆိုင်ထားတဲ့ ထရန့်အတွက်တော့ ကြေကွဲစရာအဖြစ်အပျက်လေးတစ်ခုဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။
source - Opinion leaders Media
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။