မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ အနမ်းဝိုင်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ သူမရဲ့အမြင်ကို ပြောပြလာပါတယ်..။

အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားလေးဟာ Romance ဇာတ်ကားလေးဖြစ်ပြီး ပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်..။

အနမ်းဝိုင် ဇာတ်ကားလေးကိုတော့ Romance စစ်စစ်ကားလေးလို့ ကြားကတည်းက အဲ့ဒီဇာတ်ကားကို ကြည့်ချင်တဲ့စိတ်က ထိန်းမရခဲ့တာပါတဲ့..။

ဖေဖော်ဝါရီ(၅)ရက်နေ့မှာတော့ အနမ်းဝိုင်ဇာတ်ကားလေးကို ကြည့်ချင်လွန်းလို့ ကလေးနှစ်ယောက်ကို အမြန်သိပ်ပြီး ည(၉း၃၀) ပွဲချိန်ကို သွားရောက်ကြည့်ခဲ့ပြီး ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ချီးမွမ်းစကားဆိုလိုက်တာ ဖြစ်ပါတယ်..။

ဇာတ်ကားလေးကို ကြည့်ပြီး အိမ်အပြန်လမ်းတစ်လျှောက်လုံး စိတ်ထဲမှာကြည်နူးမှုလေးတစ်ခု ကပ်ပါလာပြီး သေချာတာတစ်ခုကတော့ သူမအတွက် မသောက်ရတာကြာပြီဖြစ်တဲ့ အရာသာရှိတဲ့ ဝိုင်တစ်ခွက်ကို ရင်ထဲ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးဝင်သွားခဲ့တယ်လို့ ဆိုပါတယ်..။

ဇာတ်ကားလေးကို ကြည့်ပြီး သူမရဲ့ အမြင်လေးကို ပြောပြထားပြီး ပရိသတ်တွေကိုလည်း အရသာရှိတဲ့ ဝိုင်လေးတစ်ခွက်ကို မြည်းစမ်းကြည့် သင့်တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားပါသေးတယ်..။

“ "အနမ်းဝိုင်"ဆိုတဲ့ ကားလေးက Romance စစ်စစ်ကားလေးလို့ ကြားကထဲက အိန္ဒြာကျော်ဇင်တို့ ကြည့်ချင်နေတဲ့ ပိုးက ထိန်းမရ... မနေ့ညကတော့ ဘာရမလဲ ခလောင်နှစ်ကေးကို အမြန်သိပ်ပြီး လစ်တော့တာပဲ... ၉:၃၀ပွဲ... ကြည့်ရင်း ကြည့်ရင်းနဲ့ သဘောတွေ ကျနေမိတဲ့ကျွန်မ.. ရိုက်ချက်တွေ scenery တွေရဲ့ လှပမှုတွေကလဲ ဆွဲဆောင်မှုရှိလိုက်တာ... မင်းသားနဲ့မင်းသမီးလေးကလဲ ချစ်စရာကောင်းလိုက်တာ ပြောမနေပါနဲ့တော့... Director ကလဲ တစ်ကယ့် romantic လေးဖြစ်အောင် ခံစားပြီး ရိုက်ထားတာ သိသာပါတယ်..

ဒီကားလေးကိုကြည့်ပြီး အိမ်ပြန်လမ်းတစ်လျှောက်မှာတော့ ကျွန်မစိတ်ထဲမှာ ကြည်နူးမှုလေး တစ်ခုကပ်ပါလာတယ်..

သေချာတာတစ်ခုက မသောက်ရတာ ကြာပြီဖြစ်တဲ့ အရသာရှိတဲ့ ဝိုင်တစ်ခွက် ကျွန်မရင်ထဲကို ငြိမ့်ငြိမ့်ညောင်းညောင်းလေးစီးဝင်သွားတယ်ဆိုရင်ပဲ.. ဒီတာ့ ချစ်တဲ့ပရိသတ်ကြီးလဲ ကျွန်မလိုပဲ အရသာရှိတဲ့ ဝိုင်လေးတစ်ခွက်ကို မြည်းစမ်းကြည့်သင့်တယ်လို့...” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

Source - အိန္ဒြာကျော်ဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။