Robert Pattinson ဟာ Twilight ရုပ်ရှင်ဇာတ်ကားမှာ Vampire သွေးစုပ်ဖုတ်ကောင် ဇာတ်ရုပ်နဲ့ မြန်မာပရိသတ်တွေ မျက်မှန်းတန်းမိတဲ့မင်းသားတစ်လက်ပါ။

အင်္ဂလန်နိုင်ငံသား ဟောလိ၀ုဒ်ရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ ရောဘတ်ပတ်တင်ဆန် ကတော့ မနေ့က ကမ်းခြေနားမှာ အပန်းဖြေတဲ့ ဓာတ်ပုံတွေပေါ်ထွက်လာခဲ့ပါတယ်။

နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်တဲ့ ရောဘတ် ဟာ ဖေဖော်ဝါရီလ(၅)ရက်နေ့ညနေ့က Antigua ဆိုတဲ့ ကျွန်းလေးမှာ စိတ်လွတ်ကိုယ်လွတ်အပန်းဖြေခဲ့တယ်လို့ သိရပါတယ်။

ခပ်ဟော့ဟော့ ဘော်ဒီအမိုက်စားကြောင့် ယောကျာ်းပီသပြီးဆွဲဆောင်မှုရှိနေတဲ့ ရောဘတ်ဟာအဆိုပါကျွန်းမှာ သူ့ရဲ့ Trainer နဲ့အတူ လေ့ကျင့်ခန်းလာလုပ်နေတာမို့ အခုလို အပေါ်ပိုင်းအဝတ်မပါတဲ့ပုံတွေကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ် ရောဘတ်ဟာ ကျွန်းလေးရဲ့ လှပ သာယာတဲ့ ရှုမြော်ခင်းတွေကို တဝကြီးခံစားဖို့လည်း အခုလို လာရောက်ခဲ့တယ်လို့ သိရပါတယ်။

(၂၀၀၈)ခုနှစ်ကနိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ Twilight ဇာတ်ကားမှာ မင်းသမီး ခရစ်(စ်)တင်စတီးဝပ် နဲ့အတူ ပါ၀င် သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီဇာတ်ရုပ်နဲ့ ပိုပြီး လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။

မင်းသမီးချော စတီးဝပ် နဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာတော့ FKA Twigs အဖွဲ့ဝင် အဆိုတော်မလေးနဲ့ (၂၀၁၅)ခုနှစ်က စေ့စပ်ခဲ့ပါတယ်။ ဒါပေမယ့်လက်ရှိမှာတော့ အဲ့ဒီအဆိုတော်မလေးနဲ့ အချစ်ဇာတ်လမ်း ဇာတ်သိမ်းခဲ့ပြီး တစ်ကိုယ်တည်းဘဝကိုပဲ ပျော်ရွှင်စွာဖြတ်သန်းနေပုံရပါတယ်။

သူ့ကို အားပေးတဲ့ပရိသတ်တွေရှိလား။ 

Source : Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။