ရိုးရှင်းလွန်းတဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုးကြာဖြူခင်တစ်ယောက် သူမရဲ့အချစ်တော် ခွေးလေးနဲ့ ချစ်စဖွယ်ကောင်းတဲ့ ပုံရိပ်လေး တွေကိုရိုက်ကူးထားပါတယ်။ သူမဟာ ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲမှ စတင်ပြီး ပရိတ် သတ်အားပေးလက်ခံလာတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ နောက်ဆုံးရိုက်ကူးထား တဲ့ " ဥယျဉ်မှုးဖြစ်ဖူးချင်သည် " ဇာတ်လမ်းတွဲမှာလည်း ကလေးတွေကို စာသင်ပေးတဲ့ ဆရာမလေးအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူမရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ ကလေးမလေး တစ်ယောက်ကို ရန်ကင်းကလေးဆေးရုံမှာသွားရောက်တွေ့ဆုံ ခဲ့ပြီး လက်ဆောင်တွေလဲ ပေးအပ်ခဲ့ပါသေးတယ်။ ဝေဒနာခံစားနေရသူလေးဟာ ကိုယ်ချစ်ခင်တဲ့ အနုပညာရှင်နဲ့ တွေ့ဆုံခဲ့တာကြောင့် ဝေဒနာတွေတော်တော်များမာျး သက် သာသွားလောက်မှာ အသေအချာ ပါပဲ။ သူမကို မြင်လိုုက်ရတဲ့အခိုက်အတန့်မှာပဲ မျက်ရည် တွေဝဲပြီး သူမရဲ့လက်ကိုအတင်း ဖမ်းဆုပ်ကာ ဘာစကားမှမပြောပဲ စိုက်ကြည့်နေတယ်လို့ ဆိုပါတယ်။ ကလေးငယ်လေး မကြည့်လိုက်ရတဲ့ သူမရဲ့ဇာတ်ဝင်ခန်းတွေကိုလည်း ပြသပေး ခဲ့ပြီး နေကောင်းရင် သင်္ကြန် အက အတူတူကမယ်လို့ ကတိပေးခဲ့တယ်လို့ဆိုပါတယ်။ နေမကောင်းတဲ့အချိန်မှာ ဒီလို စကားလုံးလေးတွေဟာ အပြည့်အဝအားရှိစေမှာဖြစ်ပြီး မကြာ ခင်နေပြန်ကောင်းလာမှာ အသေအချာပါပဲ ပရိတ်သတ်ကြီးရေ။

ချစ်စရာကောင်းတဲ့ သူမရဲ့အချစ်တော်ခွေးလေးနဲ့အတူ ပိုးကြာဖြူခင်ရဲ့ အလှပုံရိပ်လေးတွေ က တကယ်ကိုကြည်နူးစရာပါပဲ ပရိတ်သတ်ကြီးရေ။ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတွေရဲ့ နှလုံးသားက နူးညံ့ကြပါတယ်။ အနုပညာလောကမှာလည်း အောင်မြင်စပြုနေပြီ ဖြစ် ပြီး သူမကိုအားပေးနေတဲ့ ပရိတ်သတ်တွေကလည်း အများအပြားရှိနေပြီဖြစ်တဲ့ ပိုးကြာဖြူခင်နဲ့ သူမရဲ့ချစ်စဖွယ်ခွေးလေးတို့ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။