ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီခွဲခန့် ဧရာဝတီတိုင်း၊ ကျုံမငေးနယ်မြေရဲစခန်းမှ ယာယီစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး မိမိကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။ မိမိကိုယ်ကိုသတ်သေသွားခဲ့တဲ့ အဆိုပါ ရဲအရာရှိဟာ ကျုံမငေးနယ်မြေ ရဲစခန်းဝင်းအတွင်း နေထိုင်တဲ့ အသက် (၄၀) ခန့်အရွယ် ယာယီစခန်းမှူး ရဲအုပ်လှိုင်ဝင်းဖြစ်တယ်လို့ ကျုံမ ငေးနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။လက်ရှိမှာတော့ ၎င်းဖြစ်စဉ်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သေချာစုံစမ်းစစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါ အခင်းဖြစ်ပွားခဲ့တဲ့ နေအိမ်အားစစ်ဆေးခဲ့ရာ အိပ်ခန်းခုတင်အနောက်ဘက်တွင် ခြောက်လုံးပြူးစပယ် ရှယ်သေနတ်တစ်လက်၊ အုတ်နံရံ တွင် အပေါက်တစ်ခု၊ ကျည်ခွံတစ်ခုနှင့် ခြောက်လုံးပြူးအတွင်းရှိ ကျည်သုံး တောင့်အနက် တစ် တောင့်သည် နောက်ပိတ်တွင် ကျည်ရိုက်တံရိုက်ထားသည့် အရာတွေ့ရကြောင်း ဧရာဝတီ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။‘‘ကျွန်တော်တို့ကြားတာတော့ ကိုယ့်ကိုယ်ကိုယ် သတ် သေတာမျိုးတော့ မဟုတ်ဘူး။ သူသေ နတ်ပြောင်းကိုတိုက်ရင်းနဲ့ မတော်တဆဖြစ်တာလို့ ကြားတယ်။ သူ ကျုံမငေးကိုမရောက်ခင် မြောင်းမြမှာတုန်းကလည်း အခုလိုပဲတစ်ခါဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ မျက်ခုံးကို ရှပ်မှန်သွားလို့ ဆေးရုံ တွေဘာတွေတက်လိုက်ရသေး တယ်’’ဟု ကျုံမငေးမြို့တွင်နေ ထိုင်သည့် ဒေသခံတစ်ဦး က ပြောပါတယ်။

အခင်းဖြစ်ချိန်တွင် သေဆုံး သူ၏ဇနီးသည် နေအိမ်ရှေ့တွင် ဆွမ်းထွက်လောင်းနေစဉ် နေအိမ်အတွင်း သေနတ်သံကြားသဖြင့် ဝင်ကြည့်ရာ ခင်ပွန်းဖြစ်သူသွေး အိုင်အတွင်း လဲကျသေဆုံးနေ သည်ကိုစတင် သိရှိခဲ့တာပဲဖြစ်ပါတယ်။ အရင်စခန်းမှူးက နေပြည်တော် ပြောင်းသွားလို့ အဆိုပါသေဆုံးသူစခန်းမှူးဟာ မြောင်းမြကိုပြောင်းလာတာ ၁လတောင်မပြည့်သေးဘူးလို့ သိရပါတယ်။ရဲအုပ်လှိုင်ဝင်းရဲ့ အာခေါင်အရင်းမှ နောက်စေ့သို့ ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင်သေဆုံးပြီး အ လောင်းကို ကျုံမငေး တိုက်နယ်ဆေးရုံသို့ ပို့အပ်ထားကာစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ် ဆေးနေတာ ပဲဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - ဖြိုးဝေလင်း(7 Day) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။