အမျိုးသမီးတွေ အသက်ကြီးလာရင် ဝလာတယ် ကိုယ်အလေးချိန်တွေ မြင့်တက်လာတယ် ဆိုတာက တစ်ကယ်တော့ အမျိုးသမီးတွေအနေနဲ့ ဟော်မုန်အပြောင်းလဲကြောင့်ဖြစ်လာတာမဟုတ်ပါဘူး။အမျိုးသမီး တွေအနေနဲ့ လှုပ်ရှားမှုတွေလျော့နည်းလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်နော်။ အမျိုးသမီးတွေအနေနဲ့ သွေးဆုံးပြီးချိန်မှာလည်း ကျန်းမာရေးကောင်းစေဖို့ နည်းလမ်းလေးတွေကို တင်ပြပေးလိုက်ရပါတယ်။ အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးပြီးချိန်မှာ နှလုံးရောဂါဖြစ်နိုင်ခြေများလာတတ်ပါတယ်။ ဒီအတွက် တစ်ပတ် မှာငါးကိုအနည်းဆုံး နှစ်ကြိမ်ထိစားနိုင်ပါတယ်။

ဆယ်လ်မွန်ငါး တွေကိုစားနိုင်ပါတယ်။ ငါးရှားပါးတဲ့ဒေသတွေဆိုရင်တော့ အိုမီဂါ (၃) ဖက်တီးအက်စစ်ပါတဲ့ အားဖြည့်ဆေးတွေကို မှီဝဲသင့်ပါတယ်။ ငါးစားပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းကိုကာကွယ်ပေးပါ တယ်။ ပြီးတော့ အားကစားကိုလည်း မှန်မှန်လုပ်ပေးသင့်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းအောင်နေထိုင် ခြင်းက နှလုံးရောဂါနှင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျတဲ့အပြင် သွေးဆုံးရင်ဖြစ်တတ်တဲ့ ဝေဒနာ တွေကိုသက်သာစေပါတယ်။ပြီးတော့ အသက်ကြီင်္းလာတာနဲ့အမျှ ကယ်လ်စီယမ်တွေ ကျဆင့်လာတတ်ပါ တယ်။ ဒါကြောင့် အဆီနည်းတဲ့ နို့တစ်ခွက်၊ ဒိန်ချဉ်၊ စသည့်တို့သောက်ပေးခြင်းဖြင့် ကယ်လ််စီယမ် ၁၀၀၀ မီလီဂရမ်ရရှိစေပါတယ်။

အမျိုးသမီးတွေ အနေနဲ့လေပွလည်းရှိပါတယ်။ ဒါကြောင့်ဆားကို လျော့စားပေးပါ၊ အသင့်ထုတ်ထားတဲ့ အစားစားတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ ပန်းဂေါ်ဖီစိမ်း၊ပန်းသီး၊ တို့ကိုစားပေးပါ။ အစားစားများကို အဝကြီးမစားမီပါစေနဲ့။ပြီင်္းတော့သွေးဆုံးတဲ့အမျိုးသမီးတွေ အနေနဲ့ ဝိုင်နီသောက်ခြင်းကိုရှောင်ကြည်သင့်ပါ တယ်။ ပဲပိစပ်ကိုစားပေးပါ။ တိုဟူး၊ ပဲပုပ်၊ပဲနို့ စတဲ့ အစားစားတွေကိုစားပေးရပါမယ်။ ဆေးဖက်ဝင်တဲ့ လက်ဆက်ရည်ကို သောက်သင့်ပါတယ်။ အသားတွေအစား ဟင်းသီးဟင်းရွက်၊သစ်သီး ကောက်ပေးသီးနှံ တို့ကိုစားပေးသင့်ပါတယ်။ အားလုံးပဲကျန်းမာကြပါစေ။

Source : ဇွန်ခိုင်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။