အသံချိုချိုအေးအေးလေးနဲ့အတူ တေးသီချင်းကောင်းလေးတွေ သီဆိုတတ်တဲ့ အဆိုတော် ရတနာမိုင်ကတော့ ဆွဲမက်စရာ ခေတ်ဟောင်းပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ်..။

Fujifilm TVC ရဲ့ အသစ်ထွက်ရှိမယ့် Fujifilm X-A5 အတွက် ခေတ်ဟောင်းပုံစံလေးနဲ့ ကြော်ငြာလေး ရိုက်ကူးပေးနေတဲ့ ပုံရိပ်လေးတွကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။

အမြဲ ချစ်စရာကောင်းတဲ့ သူမကတော့ အခုတစ်ခေါက်မှာတော့ အမြင်တစ်မျိုးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ခေတ်နှောင်းကာလကို ပြန်လွမ်းသွားစေသလိုပါပဲ.. ပရိသတ်ကြီးရေ..

အဆိုတော် ရတနာမိုင်ကတော့ ဂီတအနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်..။

အဆိုတော် ရတနာမိုင်ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုထားသလို လူမှုရေး ပရဟိတတွေနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာတော့ ခေတ်ဟောင်း ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အမြင်တစ်မျိုးနဲ့ ဖမ်းစားလိုက်တဲ့ သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - ရတနာမိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။