ဒါဟာ အမေရိကန်နိုင်ငံရဲ့ မက်ဆာချုးဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကလေးကတော့ မျက်နှာကို မီးရှို့ခံရတာကြောင့် တော်တော်ခံစားခဲ့ရပြီး ရဲတပ်ဖွဲကတော့ မိခင်ဖြစ်သူနဲ့အတူလုပ်ခဲ့တဲ့ အမျိုးသမီးနှစ်ယောက်ကို ထိန်းသိမ်းခဲ့ပါတယ်။

နတ်ဆိုးထုတ်ပေးမယ်ဆိုပြီး ညီအစ်မ နှစ်ယောက်က မိန်းကလေးငယ်ကို တိုင်မှာ ကြိုးတုပ်ပြီး မီးရှို့ခဲ့လို့ မိန်းကလေးငယ် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

(၅)နှစ်အရွယ် မိန်းကလေးငယ်ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးရှိနေလို့ အပြုအမူ ဆိုးရွားနေတာဆိုပြီး ညီအစ်မနှစ်ဦးက မှော်အတတ် စီရင်ခဲ့ကြတာပါ။ အဲဒီမိန်းကလေးရဲ့ အမေက ဆံပင်အလှဖန်တီးသူ တစ်ဦးဖြစ်ပြီး မှော်အတတ် စီရင်မှုကို ရာစုနှစ်ချီလုပ်ခဲ့တဲ့ ဟေတီနိုင်ငံ

နွယ်ဖွားဖြစ်ပါတယ်။ 

အဲဒီမိန်းမ နှစ်ယောက်ထဲမှာ တစ်ယောက်က သူ့ဆိုင်မှာ ဆံပင်လာပြင်နေကြ ဖောက်သည်ဖြစ်ပြီး မိန်းကလေးငယ်ရဲ့ အမေက သူ့သမီးကိုယ်ထဲမှာရှိနေတဲ့ နတ်ဆိုးကို ထုတ်ပေးဖို့အကူအညီတောင်းခဲ့တာပါ။

အဲဒီညီအစ်မ နှစ်ယောက်ဟာ မိန်းကလေးငယ်ကို တိုင်မှာကြိုးတုပ်ပြီး မျက်နှာကို မီးရှို့ခဲ့သလို မျက်စိထဲကိုလည်း အရည်တစ်မျိုးနဲ့ လောင်းထည့်ခဲ့ပါတယ်။

အပြင် ဇက်ပိုးနေရာတစ်ဝိုက်မှာ အပ်လို အရာမျိုးနဲ့ သွေးထွက်အောင် ဆွဲခြစ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မိန်းကလေးငယ်ရဲ့ (၈)နှစ်အရွယ် အစ်ကိုကိုလည်းဒီမိန်းမ နှစ်ယောက်က ခေါင်းဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အခုအချိန်မှာ အဲဒီညီအစ်မ နှစ်ယောက်ကို စွဲချက်တင်ထားပေမယ့် မိန်းကလေးငယ်ရဲ့အမေကိုတော့ စွဲချက်မတင်ဘဲ စိတ်ကျန်းမာရေး ကုသမှုလုပ်နေပါတယ်။

source - pho thu taw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။