မန္တလေး၊ တွင် ရှိုးပွဲကျင်းပဖို့ လိုအပ်တဲ့ နေရာ၊ စင်၊ စက်ပစ္စည်းစတဲ့ ငှားရမ်းခစ ရိတ်တွေ များပြားတာကြောင့် စပွန်ဆာ (ကူညီထောက်ပံ့သူ) မရှိဘဲ ရှိုးပွဲလုပ်ဖို့ ခက်ခဲလာတယ်လို့ အဆိုတော် ဇော်ဝင်းထွဋ်က ပြောပါတယ်။

သူက “စရိတ်စက က တအားကြီးသွား ပြီလေ၊ အရင်တုန်းက တစ်ယောက်တည်း ပတ်ဆိုတာ၊ ကိုယ့်စရိတ်နဲ့ ကိုယ်ပတ်ဆို တာ၊ပိုက်ဆံပြန်မရလဲ သိန်း ၁၀ဝ၊ ၂၀ဝ နဲ့ အမြတ်မရလဲ ပတ်ဆိုရတာ အမြတ်ပဲ၊ အခုဟာက အဲလောက်နဲ့ သွားလို့ မရတော့ဘူး၊ 

ရန်ကုန်မှာဆိုရင်ဆိုဖို့ တအားခက်သွားပြီ၊ ဘယ်ကွင်းငှားငှား သိန်း ၁၀ဝ ချည်းပဲ၊ ကျွန်တော်တို့ ဘယ်လိုမှ သူတို့ရှာကျွေးသလိုပဲ ဖြစ်မှာ၊ ပစ္စည်းငှားတာကလဲ စက် ရယ်၊ စင်ရယ်က သိန်း ၁၅၀ အနည်းဆုံးဆို တော့ ဘယ်လိုမှ လူတွေကို လက်မှတ်ဈေး ပေါပေါနဲ့ ရောင်းဖို့ နေနေသာသာ ကိုယ့်ဘာသာကိုယ် ဆိုဖို့တောင် အခက်အခဲ ဖြစ် သွားတယ်”လို့ ပြောပါတယ်။

အခမဲ့ ကြည့်ရှုနိုင်တဲ့ ရှိုးပွဲတွေ များလာတာ၊ တီဗီစတေရှင်တွေက သူတို့ မွေးထားတဲ့ အဆိုတော်တွေ၊ band (တီးဝိုင်း)တွေနဲ့ ဖရီးရှိုးတွေလုပ်ပြီး တီဗီအစီအစဉ်တစ်ခုအဖြစ် ထုတ်လွှင့်တာ၊ ငှားရမ်းခဈေးချိုတဲ့ အားကစားကွင်းတွေမှာ အရင်က သီဆိုခွင့် ရပေမဲ့ အခုကာလမှာ မရတော့တာကြောင့် အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ခဲယဉ်းလာတယ်လို့ ဆိုပါတယ်။

Source : Kumudra 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။