PSG အသင်းရဲ့ နောက်တန်းကစားသမား သီယာဂိုဆေးဗာလ်း ဟာ စီရော်နယ်ဒို ဟာ ထိန်းချူပ်ဖို့လွယ်ကူပါတယ်လို့ သီယာဂိုဆေးဗာလ်းက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် သီယာဂိုဆေးဗာလ်းက စီရော်နယ်ဒိုနဲ့ ထိပ်တိုက်မတွေ့ဆုံခင်မှာ စကားစစ်ဆင်ရေးထိုးခဲ့ပြီလည်းဖြစ်ပါတယ်။

PSG အသင်းရဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးဗာလ်းက " မက်ဆီထက်စာရင် စီရော်နယ်ဒို က ထိန်းချူပ်ရတာပိုလွယ်ကူပါတယ်။ရော်နယ်ဒိုဟာ အောင်မြင်မှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ သူခြေစွမ်းတွေ ကျဆင်းနေခဲ့ပေမဲ့ သူ့အတွက်တော့ ပြီးဆုံးသွားမယ့်အရာမဟုတ်ပါဘူး။နောက်ထပ် Ballon d'Or ဆုကိုပါ ရယူနိုင်ပါသေးတယ်။ဒါပေမဲ့ မက်ဆီကို တစ်ယောက်ချင်းလည်းထိန်းချူပ်ရခက်ပါတယ်။နှစ်ယောက်ဆိုရင်လည်း ထိန်းချူပ်ရခက်ပါသေးတယ်။ဒါဟာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ပါ။သို့သော် နှစ်ယောက်လုံးကတော့ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတွေ ဖြစ်ပါတယ် " လို့ ဆိုခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ် နဲ့ PSG အသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်တာနဲ့ အညီ နောက်တဆင့် အတွက် နှစ်သင်းလုံး မျော်လင့်ချက်ရှိနေတာလည်းဖြစ်ပါတယ်။ဘယ်အသင်းက အနိုင်ရယူသွားနိုင်မှာလဲဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ 

source - football cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။