မြန်မာမလေးတွေကြား ရေပန်းစားနေသည့် ထိုင်းဘောလုံးသမားလေး

ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာအသင်းနှင့် ထိုင်းအသင်းယှဉ်ပြိုင်ကစားရာ အိမ်ကွင်းတွင် ၀-၂ အဝေးကွင်းတွင် ၀-၄ ဖြင့် မြန်မာအသင်းကရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းရှုံးနိမ့်ခဲ့ပေမယ့်လည်း ပွဲအတွင်းရန်ဖြစ်ခြင်း ဆူပူသောင်းကျန်းခြင်းမျိုး ကြီးကြီးမားမားဖြစ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သိုပေမယ့်လည်း မြန်မာဘောလုံးချစ်ပရိသတ်တွေအနေနဲ့ မခံချင်စိတ်တွေ နောက်တစ်ခါကန်ရင်နိုင်စေချင်စိတ်တွေ အသင်းကို ဒီထက်ပိုမိုစည်းလုံးစေလိုမှုတွေကတော့ အထင်းသားမြင်စေခဲ့ပါတယ်။ တစ်ဖက်မှာ ဒီလိုတွေဖြစ်နေချိန်မှာ မြန်မာမလေးတွေကြား ထိုင်းအသင်းမှ ကျောနံပါတ် ၇ ဟာ အလွန်ကို ရေပန်းစားလျက်ရှိနေပါတယ်။

Charyl Yannic Chappuis လို့အမည်ရပြီး ၁၂.၁.၁၉၉၂ ခုနှစ် ဆွစ်ဇာလန်နိုင်ငံမှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။ အရပ် ၅ ပေ ၉ လက်မရှိပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆွစ်ဇာလန်နို်င်ကံအသင်းအတွက် ကစားခဲ့ပြီး ၂၀၁၃ တွင် ထိုင်း ယူ ၂၃ တွင်ကစားခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ထိုင်းလက်ရွေးစင်အသင်း၌ ပါဝင်လာခဲ့သည်။ သူအကြိုက်ဆုံးဘောလုံးကလပ်ကတော့ ဘာစီလိုနာဖြစ်ပြီး စပိန်လာလီဂါကလပ်များမှာ ဝင်ရောက်ဆော့ကစားဖို့ ဆန္ဒရှိနေသူဖြစ်တယ်လို့ သိရပါတယ်။ ဂျာမန် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ထိုင်းဘာသာစကား အနည်းသာတတ်တယ်လို့ သိရပါတယ်။ လောလောဆယ်သူ့ပုံလေးတွေကြည့်ချင်တယ်ဆိုရင်တော့ instagram ကို အသုံးပြုနေတာဖြစ်ပြီး follower တစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Source: Google

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။