ပရိသတ်အချစ်တော် မင်းသားချောထွန်းကိုကိုကတော့ အနုပညာလမ်းကြောင်းပေါ်မှာ သမိုင်းသစ်တစ်ခု စိုက်ထူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှ အနုပညာလောကသားများနှင့် ပူပေါင်းရိုက်ကူးခဲ့တဲ့ ဇာတ်လမ်း တွဲလေး တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံမှာထုတ်လွင့် ပြသမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ရိုက်ကူးခဲ့တဲ့ ဇာတ်ကား လေးကတော့ မြန်မာ- ယိုးဒယားသမိုင်းဝင် ရာဇဝင်ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး အလောင်းမင်းတရားကြီး ရသားတော် နောင်တော်ကြီးနေရာက သရုပ်ဆောင်ခဲ့တာ ပဲဖြစ်ပါတယ်။  

အဲ့ဒီရာဇဝင်ဇာတ်ကားလေးရဲ့ နောင်တော်ကြီးနေရာက သရုပ်ဆောင်ဖို့ မြန်မာမင်းသားတစ်ယောက်ကို ထည့်သွင်း ရိုက်ကူးချင်တယ်ဆိုတာကြောင့် ကမ်းလှမ်းလာခဲ့တာပါလို့ ဆိုပါတယ်။ဒီဇာတ်လမ်းလေး ရိုက်ကူးစဉ် ထွန်းကိုကိုရဲ့ နန်းဝတ်နန်းစားနဲ့ ပုံရိပ်လေးတွေ ထွက်ရှိခဲ့စဉ်ထဲက ပရိသတ်တွေ အရမ်းကိုစိတ်ဝင်စားခဲ့ရတာ ပဲဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ ရိုက်ကူးမှုလေး ပြီးစီးခဲ့ပြီး ထိုင်းနိုင်ငံရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ထုတ်လွင့် ပြသနေပြီပဲ ဖြစ်ပါတယ်။  

မြန်မာအနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံရဲ့ ဂုဏ်ဆောင်တဲ့ မြန်မာသမိုင်းရာဇဝင် ဇာတ်ကားကြီးကို နိုင်ငံခြားသားတွေနဲ့ အတူရိုက်ကူးခဲ့ရပြီး ထိုင်းနိုင်ငံမှာထုတ်လွင့်ပြသနေတာကြောင့် အရမ်းကို ဂုဏ်ယူနေပုံ ရပါတယ်။ထိုင်းနိုင်ငံက ရုပ်သံဇာတ်လမ်းတွဲကြည့်ရှု့တဲ့ ပရိသတ်တွေ အနေနဲ့လည်း အရမ်းကိုနှစ်သက် အားပေး နေကြတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာတော့ ထုတ်လွင့်ပြသမှာ မဟုတ်ပေမယ့် ပရိသတ်ချစ်တဲ့ မင်းသားချော ထွန်းကိုကို ကိုအားပေးနေကြမယ်လို့ ယုံကြည်ပါတယ်။ထွန်းကိုကို သရုပ်ဆောင်ခဲ့ရတဲ့ အမှတ်တရပုံရိပ်လေး တွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ထွန်းကိုကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။