သွေးသွင်းဖို့လိုအပ်နေတဲ့လူနာတစ်ယောက်အတွက် ဆွေမျိုးထဲကသွေးကပိုပြီး စိတ်ချရမယ်လို့ ထင်တက်ကြပါတယ်။ ဒီလိုအယူအဆကို လူတော်တော်များများက လက်ခံထားကြပြီး ဆွေမျိုးထဲကသွေးကပိုပြီး သွေးအုပ်စုံတူညီမှုရှိတယ် လို့ ယူဆထား ကြတာပါ။ ဒါဟာ မှားယွင်းတဲ့ အယူအဆတစ်ခုဆိုတာကို ဒီအကြောင်းအရာလေးနဲ့အတူ ပြန်လည်မျှဝေလိုက်ရပါတယ်။

ဆွေးမျိုးသားချင်းရဲ့သွေးကို လက်ခံပြီးတဲ့နောက်မှာ လူနာရဲ့ခုခံအားစနစ်ကို ထိခိုက် ပြောင်းလဲသွားစေပြီးTransfusion-Associated graft-versus-host disease (TA-GvHD) ဆိုတဲ့ရောဂါကိုဖြစ်ပွား စေနိုင်ပါတယ်။

ဒီရောဂါကို ရရှိခံစားရပြီဆိုရင်တော့ အသက်အန္တရာယ်ဆုံးရှုံးရန် ၉၀% ဖြစ်နိုင်ချေရှိတဲ့ ရောဂါတစ်မျိုးမို့ သေချာစွာဂရုတစိုက်သင့်ပါတယ် ။

ဒီရောဂါရဲ့လက္ခဏာတွေကတော့ ဖျားခြင်း၊ အန်ခြင်း၊ အဖုအပိန့်များနေရာအနုံထွက်ခြင်း နှင့် အသည်းနဲ့ အရိုးတို့ကို နာကြင်ထိခိုက်ခြင်းတို့ဖြစ်ပါတယ်။

ကျန်းမာရေးအရ လိုအပ်လို့သာသွေးသွင်းတာမို့ သွေးသွင်းလိုက်တော့မှ တခြား မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်မလာအောင် သွေးလိုအပ်တဲ့အခါ အဆင့်မီ တက်ကျွမ်းနားလည် ပြီး သေချာစွာစမ်းသပ်စစ်ဆေးပြီးမှသာ သွေးသွင်းသင့်ကြောင်း ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုက်ရပါတယ်။

Source – Achit Lwin Pyin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။