ထိုင်းလိဂ်ရဲ့ကစားသမားအပြောင်းအရွှေ ့ဟာမနေ့ကပဲ

ပိတ်သိမ်းသွားပါပြီ။ဒီနှစ်ဘောလုံးရာသီမှာအာဆီယံ

စည်းမျဉ်းအရအာဆီယံကစားသမားတွေကိုအပြိုင်အဆိုင်

ခေါ်ယူခဲ့ကြပြီးမြန်မာကစားသမားတွေကိုတစ်ခြားအာဆီယံသ

နိုင်ငံကကစားသမားတွေထက်ဦးစားပေးခေါ်ယူခဲ့ကြပါတယ်။

အပြောင်းအရွှေ ့နောက်ဆုံးနေ့မှာသတင်းကြီးခဲ့တဲ့

စည်သူအောင်၊ဇော်မင်းထွန်း၊မောင်မောင်လွင်တို့

ထပ်မရောက်လာခဲ့ကြတာကြောင့်သာမြန်မာကစားသမား

ခုနှစ်ယောက်နဲ့စာရင်းပိတ်သွားတာပါ

လက်ရှိမှာထိုင်းပရီးမီးယားလိဂ်လို့ခေါ်တဲ့T-1မှာကျော်ကိုကိုက

ချင်းရိုင်အသင်း၊အောင်သူကPolice Teroအသင်း၊နန္ဒလင်း

ကျော်ချစ်ကပရာဂျပ်မှာကစားကြမှာပါ။T-2မှာတော့မြန်မာ

ကစားသမားနှစ်ယောက်ရှိပြီးအန်သောင်မှာအောင်ကျော်နိုင်နဲ့ဆာမတ်ဆာခွန်မှာကောင်းဆက်နိုင်တို့ရှိနေပါတယ်။T-3

မှာတော့ဖူးခက်စီးတီးကကျော်ဖြိုးဝေနဲ့ရနောင်းယူနိုက်တက်

ကဝင်းလှိုင်ဦးတို့ရှိနေကြပါတယ်။T-4မှာတော့မြန်မာကစား

သမားတွေရှိမနေကြပါဘူး။မြန်မာကစားသမားတွေဟာ

T-1မှာကစားသမားသုံးယောက်ရှိပြီးသုံးယောက်လုံး

ပွဲထွက်ခွင့်ရနိုင်ပါတယ်။

အောင်သူနဲ့နန္ဒလင်းကျော်ချစ်ဟာသက်ဆိုင်ရာကလပ်

တွေမှာခြေစွမ်းပြနေပြီးကျော်ကိုကိုဟာလည်းချင်းရိုင်မှာမက်ဆီနာနာသွားတာကြောင့်ပွဲထွက်ခွင့်ရဖို့ရှိနေပါတယ်။

T-2ကကောင်းဆက်နိုင်ကတော့ဆာမတ်ဆာခွန်ရဲ့အဓိက

ကစားသမားတစ်ဦးဖြစ်ပြီးအောင်ကျော်နိုင်ကတော့အန်သောင်မှာပွဲထွက်ခွင့်ရဖို့ရုန်းကန်ရနိုင်ပါတယ်။T-3ကဆောက်သမ်း

ကစားသမားဟောင်းတွေဖြစ်တဲ့ကျော်ဖြိုးဝေနဲ့ဝင်းလှိုင်ဦး

တို့အနေနဲ့လည်းနေရာရဖို့အတွက်ရုန်းကန်ရနိုင်ပါတယ်။

ထိုင်းလိဂ်ဟာလာမယ့်ဖေဖော်ဝါရီကိုးရက်နေ့မှာစမှာပါ။

ထိုင်းရောက်မြန်မာကစားသမားတွေအားလုံးခြေစွမ်း

ပြပြီးမြန်မာ့လက်ရွေးစင်အသင်းကြီးမှာအရွေးချယ်ခံရပါစေ

လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source-FT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။