မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာ သိပ်မကြာသေးတဲ့ ဖိုက်တင်မင်းသားကြီးရဲမင်းပိုင်ကိုတော့ ပရိတ်သတ်တွေရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။မြန်မာနိုင်ငံကို ၁၄ နှစ်တာခွဲခွာသွားခဲ့ပြီးအပြီးမှာတော့ ပြန်လည်ရောက်ရှိလာခဲ့တာလဲဖြစ်ပါတယ်။ အခုချိန်လောက်ဆိုရင်တော့ ပရိတ်သတ်တွေ ပြန်လည်အမှတ်ရသိရှိနေလောက်ပြီလို့လဲထင်ပါတယ်။

ရဲမင်းပိုင်ကတော့ မြန်မာပြည်ကိုပြန်ရောက်ရောက်ပြီးချင်း မကြာခင်မှာပဲ ဖခင်ဖြစ်သူကိုသွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ သို့ပေမယ့် သူ့အတွက်ကတော့ ကြေကွဲစရာအဖြစ်တစ်ခုက ရင်ကိုစောင့်ကန်လိုက်သလို ဝမ်းနည်ကြေကွဲခံစားရစေခဲ့တယ်လို့သိရပါတယ်။ဘာကြောင့်လဲဆိုတာကတော့ ဖခင်ဖြစ်သူက သူ့ကိုကောင်းကောင်းပြန်လည်မှတ်မိချင်း မရှိတော့လို့ဖြစ်တယ်လို့လဲသိရပါတယ်။

ရဲမင်းပိုင်အနေနဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင်ဟောင်းဦးဌေးဝင်းကို သွားရောက်ခဲ့ချိန်မှာတော့ ဖခင်ရော သားပါမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျဆင်းပြီး ကြည်နူးဝမ်းသာလှတဲ့ ပီတိမျက်ရည်တွေအဖြစ်နဲ့ ပုလဲရေတွေခခဲ့ကြပေမယ့်ဖခင်ဖြစ်သူကသိပ်မမှတ်မိတော့တာကြောင့် အပျော်တွေကခနအကြာမှာရပ်တန့်ခဲ့ရတယ်လို့သိရပာတယ်။အသက်အရွယ်ကြီးမြင့်လာတာကြောင့် မှတ်ဉာဏ်ကျဆင်းလာတဲ့ဖခင်ကိုကြည့်ပြီးရဲမင်းပိုင်အနေနဲ့ စိတ်မကောင်းဖြစ်နေရတယ်လို့လဲသိရပါတယ်။

source - 5 Plus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။