မြန်မာနိုင်ငံက ပရိသတ်များပါမက အနုပညာရှင်တိုင်းကပါ လေးစားရပြီး ချစ်ခင်အားပေးမှု ကို အပြည့်အဝရရှိထားသူကတော့ အကယ်ဒမီများရှင် မင်းသားချောနေတိုးပါပဲ ။

တက်သစ်စလူငယ်ကလေးများကို အမြဲတမ်းခေါ်ယူတက်သူပီပီ ဒီနေ့မှာလည်း ပရိသတ်ကို ကြော်ငြာလေးတစ်ခု ပြောပြခဲ့ပါသေးတယ်။

အဲဒါကတော့ Myanmar Idol က Winner ဆုရှင်ဖြစ်တဲ့ အဆိုတော် သားငယ်ရဲ့ အခွေသစ် ကို “ နားသောတဆင်နေပြီဖြစ်ပါကြောင်း သားငယ်နဲ့ ပရိသတ်များသို့…ထာဝရ” ဆိုတဲ့စာသားလေးနဲ့အတူ သူနဲ့အတူ ရိုက်ကူးထားတဲ့ အခွေသစ်လေးကိုပါ တွဲဖက်ဟာ ဖော်ပြ လာတာပဲ ဖြစ်ပါတယ်။ သားငယ်ရဲ့ပြိုင်ပွဲကိုလည်း ကိုယ်ကိုကိုယ်ကျအားပေး တက်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

တက်သစ်စအနုပညာရှင်လေးအတွက် အားအင်ဖြစ်စေမယ့် စကားလေးတစ်ခွန်းကိုလည်း ပြောခဲ့ပါသေးတယ်။ ပရိသတ်တွေအတွက်ဆိုတဲ့ စိတ်နဲ့အကြိမ်ကြိမ်ပြန်ထခဲ့ရတဲ့ အချိန်တွေ မနည်းခဲ့ပါဘူး လို့ ဆိုပါတယ်။

သူကတော့ ဝါရင့်သရုပ်ကောင်းတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများနဲ့ ပြည့်စုံနေရုံသာ မကပါဘူး။ အနုပညာရှင်လူငယ်ကလေးများကို ပြုစုပျိုးထောင်ပေးတဲ့ “ အနုပညာပျိုးခင်း” မှာပါဝင်တဲ့ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ပရိသတ်အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးများစွာနဲ့ ၂၀၁၇ ကိုအောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သလို ရောက်ရှိနေပြီဖြစ်တဲ့

၂၀၁၈မှာလည်း အံ့သြလောက်အောင် ပြောင်မြောက်တဲ့ ဇာတ်ရုပ်များနဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ဒါကတော့ ထာဝရနေတိုးရဲ့ လတ်တလောလှုပ်ရှားမှုတွေကို Myanmar Load ကပရိသတ်တွေအတွက် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – Nay Toe Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။