ဒီနေ့ဖေဖော်ဝါရီလ(၆)ရက်နေ့ကတော့ နိုင်ငံကျော်အဆိုတော် အာဇာနည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အနုပညာရှင်အသိုင်းဝိုင်းအပါ၀င် ပရိသတ်တွေကလည်း လူမှုကွန်ရက်ကနေတစ်ဆင့် မွေးနေ့ဆုမွန်ကောင်းတွေ အသီးသီးပေးထားကြပါတယ်။

သားလေးတစ်ယောက်ရဲ့ ဖခင် သရုပ်ဆောင် မင်းသား ဖြိုးငွေစိုး တစ်ယောက်လည်း အဆိုတော် အာဇာနည်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။

“ကျွန်တော့်အကို ပြီးတော့ကျွန်တော့်သူငယ်ချင်း

ပြီးတော့ကျွန်တော်လေးစားအားကျရတဲ့ အနုပညာရှင်

Zarnimyo Nyunt HAPPYBIRTHDAY

နောက်နှစ်ပေါင်းများစွာကျန်းမာပျော်ရွှင်အောင်မြင်ပါစေဗျာ

နောက်ထပ်သားသားမီးမီးတွေလဲအများကြီး ရပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ မွေးနေ့ဆုတောင်းပေးထားပါတယ်။

ဖြိုးငွေစိုး နဲ့ အာဇာနည်တို့ နှစ်ဦးဟာ အရမ်းခင်ကြတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ပေမယ့် သူတို့ဟာ နယ်ပယ်တစ်ခုစီမှာ ပရိသတ်ကိုုယ်စီနဲ့ အောင်မြင်နေတဲ့ဆယ်လီတွေဖြစ်ပါတယ်။

အခုလို မွေးနေ့ဆုတောင်းမှာတော့ ဖြိုးငွေစိုး နဲ့ အာဇာနည်တို့ရဲ့ ရင်းနှီးခင်မင်မှုအတိုင်းတာကို ကြည်နူးဖွယ် မြင်တွေ့နိုင်ပါတယ်။

ပရိသတ်ကြီးရော မွေးနေ့ဆုတောင်းပေးလိုက်နော်။ 

Source : PhyoNgwesoe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။