တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ မင်းသား Lee Hyun Woo ကတော့ မကြာခင်မှာပဲ စစ်မှုထမ်းတာာဝန်ကို ထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်..။

မင်းသား Lee Hyun Woo ဟာ လာမယ့် (၂၀၁၈)ခုနှစ်ရဲ့ အစောပိုင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပြီး စစ်မှုထမ်းမသွားခင် သူ့ရဲ့ Single သီချင်းတစ်ပုဒ်ကို ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်..။

စ်မှုထမ်း မသွားခင် သရုပ်ဆောင် အဆိုတော် Shin Je Min ရေးသားပေးထားတဲ့ hip-hop သီချင်းတစ်ပုဒ်ကို ဖြန့်ချီသွားမှာ ဖြစ်ပါတယ်..။

သီချင်းလေး နာမည်ကတော့ "Twenty Six" ဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေအတွက် အထူးလက်ဆောင်လေး တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်..။

"Twenty Six" ဆိုတဲ့ သူ့ရဲ့သီချင်းလေးကို ဖေဖော်ဝါရီ (၇)ရက်နေ့တော့ ဖြန့်ချီသွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီ (၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ပရိသတ်တွေ့ဆုံပွဲမှာလည်း ပထမဆုံး သီဆိုခဲ့ပါသေးတယ်..။

မင်းသား Lee Hyun Woo ဟာ သူတို့နိုင်ငံရဲ့ မဖြစ်မနေစစ်မှုထမ်းတာဝန်ကိုတော့ လာမယ့် ဖေဖော်ဝါရီ(၉)ရက်နေ့မှာ စတင်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။