ပရိသတ်အချစ်တော် မင်းသားချောဇေရဲထက်ကတော့ ဒီရက်ပိုင်း စိတ်ဖိစီးမှုအတော်အများ ရှိနေပုံရပါတယ်။ ဇေရဲထက်ကို ချစ်ကြခင်အားပေးကြတဲ့ ပရိသတ်တွေရှိသလို တစ်ချို့သောပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကိုလည်း ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ပရိသတ်တစ်ချို့ရဲ့ တရားလွန်ဝေဖန်တိုက်ခိုက်မှုတွေကို လူမှုကွန်ယက်မှာရေးသား ပေါက်ကွဲခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာလည်း သူလက်ရှိသုံးနေတဲ့ ဖေ့ဘွတ်အကောင့်ကို ဆက်မသုံးချင်တော့ဘူးလို့တောင် ဖွင့်ဟ လာခဲ့ပါတယ်။ဇေရဲထက်ဟာ Sexy ကျကျဓာတ်ပုံရိုက်ကွင်း တစ်ခုရိုက်ကူးပြီးကတည်းက သိသိသာသာ ပရိသတ်တစ်ချို့ရဲ့ တိုက်ခိုက်မှုတွေကို ခံနေရတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဟက်ကာတစ်ချို့ရဲ့ အကောင့်ထိန်းသိမ်းချင်းခံခဲ့ရပြီး ဝေဖန်မှုတွေနဲ့အားလုံးရောသွားကာပိုပြီး စိတ်ညစ်နေပုံပါပဲ ပရိသတ်ကြီးရေ။ 

သူရဲ့လူမှုကွန်ယက်မှာတော့ “အကောင့်ကိုမသုံးချင်တော့ဘူး”ဆိုတဲ့ စာလေးရေးသားရင်ဖွင့်ခဲ့တာ ပဲဖြစ်ပါ တယ်။ဇေရဲထက်ကိုချစ်တဲ့ ပရိသတ်တွေကလည်း ပရိသတ်တွေနဲ့ သူတို့အချစ်တော်ကြားက ဆက်သွယ်မှုလေး တစ်ခုဖြစ်တဲ့ သူရဲ့ဖေ့ဘွတ်အကောင့်လေးကို ဆက်မသုံးတော့မှာလည်း စိတ်ပူနေကြပါတယ်။ပရိသတ်တွေက ဒီအကောင့်ကို မသုံးချင်တော့ရင် နောက်ထပ်အကောင့်အသစ်လေး သုံးဖို့၊ ဘားမှစိတ်ဓာတ်မကျဖို့၊ ဘာတွေ ဖြစ်ဖြစ် အမြဲအားပေးနေတယ်ဆိုတဲ့ အားပေးစကားလေးတွေ ရေးသားခဲ့ကြပါတယ်။စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပရိသတ်အချစ်တော် မင်းသားချောဇေရဲထက်ကို အားပေးစကားလေးတွေ ဆိုလိုက်ကြပါ အုန်းနော်။  

သတင်းအရင်းအမြစ် - ဇေရဲထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။