ဖေဖော်ဝါရီလ(၆)ရက်နေ့ မနေ့ကညနေပိုင်းအချိန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၂၇လမ်း၊ ၇၄ လမ်း နဲ့ ၇၅ လမ်းကြားတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့က နာမည်ကြီးထမင်းဆိုင်တစ်ဆိုင်ဖြစ်တဲ့ တူးတူးထမင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ထမင်းဆိုင်အပေါ်ထပ်မှ စတင်မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အဲယားကွန်းမီးဖြတ်စက်အပူလွန်ကဲရာကနေ မီးလောင်ခဲ့တာလို့ မီးသတ်ဦးစီးသတင်းအရသိရပါတယ်။ 

၎င်းမီးလောင်ပြင်ကိုတော့ မန္တလေးတိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးဦးဆောင်တဲ့ မီးသတ် တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသက်ပေးခဲ့တာ ပဲဖြစ်ပါတယ်။ချမ်းအေးသာစံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ် မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးနဲ့ သန္ဓေ ၃၀ နဲ့ အရန် ၅၀တို့က သွားရောက် ငြိမ်းသတ် ပေးခဲ့တာဖြစ်ကြောင်း ဦးသန်းဇော်ဦးဦး ကပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သံဃာတော်များ ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီမှုကြောင့် ညနေ ၅ နာရီ ၅ မိနစ်အချိန်ခန့်မှာပဲ မီးငြိမ်းသွားခဲ့တယ်လု့ိ သိရပါတယ်။ 

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ချမ်းအေးသာစံ မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၅၃၀၀၀၀ ကျပ်သတ် မှတ်ထားတယ်လို့ မီးသတ်ဦးစီးဌာန မှတ်တမ်းများ အရသိရပါတယ်။လက်ရှိမှာတော့ အိမ်ရှင်ဖြစ်သူ ကိုတော့ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက (ပ)၆၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေး ယူထား လို့ ၎င်းရဲအရာမှပြောပါတယ်။ 

သတင်းအရင်းအမြစ် - စောထွေး(PN)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။