မြန်မာပြည်ရဲ့ဂုဏ်ယူဖွယ်ကမ္ဘာ့MMAမစ်ဒယ်ဝိတ်တန်းချန်ပီယံအောင်လအန်ဆန်းဟာ

ဒီလ23ရက်နေ့မှာဘရာဇီးနိုင်ငံသားမာချာဒိုနဲ့နောက်ထပ်ချန်ပီယံလုပွဲတစ်ပွဲယှဉ်ပြိုင်မှာပါ။

အဆိုပါပွဲစဉ်မှာအောင်လအနိုင်ရခဲ့ရင်လိုက်ဟဲဗီးဝိတ်ချန်ပီယံ

သစ်ဖြစ်လာမှာပါ။ကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွမ်းရဖို့အတွက်အောင်လအနေနဲ့

ကြိုတင်ပြင်ဆင်မှုတွေကိုကောင်းမွန်စွာပြုလုပ်နေပါတယ်။ပြိုင်ပွဲ

မှာအနိုင်ရဖို့အတွက်ရုပ်ပိုင်းဆိုင်ရာသာမကနာမ်ပိုင်းဆိုင်ရာ

ယုံကြည်မှုတွေလည်းပြုလုပ်နေတာကိုတွေ့ရပါတယ်။

ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေအဖြစ်သူ့ထက်အကောင်ကြီးတဲ့

UFCကမ္ဘာ့ချန်ပီယံတွေနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်ထားပြီး

သူ့ကိုယ့်သူယုံကြည်မှုတွေရှိနေပါတယ်။ဒါ့အပြင်သူဟာ

လူအားဖြင့်ကြံစည်၍မရတဲ့အရာတွေအတွက်လည်းခရစ်

တော်ထံမှာဆုတောင်းမှုတွေနေ့စဉ်ပြုလုပ်နေတယ်လို့သူ့မိတ်

ဆွေတစ်ဦးရဲ့Facebookမှာဖော်ပြထားပါတယ်။ပြင်ဆင်မှု

ကောင်းကောင်းလုပ်ထားတဲ့အတွက်အောင်လအနေနဲ့

မာချာဒိုကိုအနိုင်ရရှိမယ်လို့ယုံကြည်မိပါတယ်။ဒါ့အပြင်

မြန်မာပြည်မှာထိုးမှာဖြစ်တဲ့အတွက်သူ ့ပရိသတ်တွေက

အရင်လိုပဲအုံလိုက်ကျင်းလိုက်လာအားပေးကြအုံးမှာပါ။

အောင်လဟာပွဲမတိုင်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်း

ပွဲမှာမာချာဒိုကိုသုံးချီအတွင်းအလဲထိုးမယ်လို့ကြုံးဝါးထားပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်ကဟောင်ကောင်နိုင်ငံသားအလိန်းဂါလာနီကိုလည်းပထမအချီမှာပဲအောင်လအလဲထိုးထားပါတယ်။

မြန်မာပရိသတ်ကတော့အောင်လကိုအားပေးဖို့ပြင်ဆင်နေကြပါပြီ။အောင်လအနေနဲ့လည်းသူ့ကိုအားပေးနေကြတဲ့

မြန်မာပရိသတ်ကြီးအတွက်ကမ္ဘာ့ချန်ပီယံဆုနောက်တစ်ခု

ထပ်ယူပေးနိုင်မယ်လို့ယုံကြည်မှုတွေရှိနေတာပဲဖြစ်ပါတယ်။

Source-Aung La N Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။