ဖေဖော်ဝါရီလ (၄)ရက်နေ့က သေဆုံးခဲ့ သတ္တမတန်းကျောင်းသားလေး မောင်ညီဖုန်းခန့် ရဲ့ ဖြစ်ရပ်လေးကတော့ ရင်နစ်ဖွယ်ရာလေးပါဗျာ။ မောင်ညီဖုန်းခန့်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ အ.ထ.က မှ သတ္တမတန်းကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူမှ ရင်နစ်ဖွယ် ခံစားချက်များကို ပြောပြထားတာတွေ့ရပါတယ်။

မနေ့က မနက်ပိုင်း သူ့အဖေ နဲ့ သူ့အဖွားလေးကို ပြောတဲ့ စကား " သားတို့ စာမေးပွဲ နီးပြီ တဲ့ ၂၀၁၈ ဖေဖော်ဝါရီ (၇) ရက်နေ့ဆိုရင် အတန်းတင် စာမေးပွဲ စစ်တော့မှာ ဆိုတော့ ဒီနေ့ တနင်္ဂနွေ မနက်ဖြန်ဆိုရင် တနင်္လာ ကျောင်းဖွင့်ပြီ မနက်ဖြန် သားကျောင်းသွားရမှာလို့ ပြောသတဲ့ ဒီတော့ သူ့အဖေက… သားခြေထောက်နာနေတယ်ဆိုတော့ အဖေကျောပိုးပြီး ကျောင်းကိုပို့ပေးရုံပေါ့ ဆိုပြီး ပြန်ပြောလိုက်သတဲ့ ညနေကျတော့ … ဆုံးပြီ" တနေ့ က(၅) ရက် တနင်္လာနေ့ ကျောင်းဖွင့်တော့ သူ့အဖေက သူ့သားကို ကျောပိုးပြီး ကျောင်းကို လိုက်မပို့လိုက်ရပဲနဲ့ ဘုန်းဘုန်းတို့နဲ့ သူ့မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်း၊ ဆရာ/မ၊ သူငယ်ချင်း အပေါင်းအသင်းတွေ လိုက်ပို့လိုက်ရတာ ဖြစ်သွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း " လွန်ခဲ့တဲ့ တစ်ပတ်လောက်က အမြင့်ပေါ်က ခုန်ချပြီး အခန့်မသင့်လို့ ခြေထောက် နာသွားရာကနေ … ဓာတ်မှန် ရိုက်ကြည့်တော့ ခြေမျက်စေ့ (Angle) နားလေး အရိုးအက်သွားတာဆိုပြီး စားဆေး လိမ်းဆေးနဲ့ ကုသရာ ဒုတိယအကြိမ် ဆရာဝန်ဆီ ပြန်လို့ သွားမပြရသေးခင် … ၄ရက်နေ့ ညနေပိုင်း သားဗိုက်ထဲ နာနေသလိုပဲဆိုပြီး ဖြစ်ရာက ကျင်ငယ်စွန့်ဖို့ သားအဖနှစ်ယောက် တွဲပြီး ရေအိမ်အသွား ရုတ်တရက် သတိလစ် သွားတာနဲ့ သတိ ပြန်မလည်လာတော့ပဲ အသက်ပါ ဆုံးပါးသွားပါတော့တယ်။ သူ့အဖေ ပြောတာတော့ … ဆရာဝန်ကလည်းမေးတယ် သားဘယ်မှာ နာသလဲ နာတဲ့နေရာ ဆရာ့ကို အကုန် ပြောပြပျောက်အောင် ကုပေးမယ် ဘာမှ အားမငယ်နဲ့ လို့ဆရာမေးတဲ့အချိန် ခြေထောက်ပဲ နာတာလို့ ပြောသတဲ့ ဗိုက်ထဲက ဘာဖြစ်တယ် ဘယ်လိုခံစားရတယ် ဆိုတာ ဘာမှ မပြောပြခဲ့ပါဘူး။ ဗိုက်တို့ ခေါင်းတို့ နာတယ်လို့ မပြောတော့ ခြေထောက်နာတာ ရိုးရိုးပဲလို့ တပည့်တော်တို့လည်း ထင်နေခဲ့တာပေါ့ဘုရား " ဟူ၍ အဖေဖြစ်သူက ရင်နင့်စွာ ပြောပြခဲ့ပါတယ်။

Source - SLY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။