မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဒါဘွန်းအသင်းကို အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ၆ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ဂျာမန်ပိုကယ်ဖလားမှာ ဒေါ့မွန်အသင်းကို ဖြုတ်ချခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းဟာ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းလည်းဖြစ်နေတာဖြစ်ပါတယ်။လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေဗာကူဆင်အသင်းဟာ ဆီမီးဖိုင်နယ်ကို တတ်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ကျန်တဲ့ ဆီမီးဖိုင်နယ်ကိုတတ်ရောက်မဲ့ နှစ်သင်းကတော့ ဒီနေ့ညမှာ အဖြေပေါ်သွားမှာလည်းဖြစ်ပါတယ်။

ပါဒါဘွန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဇိုလင်စကီး၊ မီချယ်၊ ရစ်တာ၊ ခရစ်စတိုဖာ၊ ကာရောဆီ၊ ဝက်စ်စေး တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး၊ ကိုမန်း၊ ရော်ဘင်၊ ဗီဒယ်၊ ဂျိန်းရော်ဒရီဂွက်၊ သောမက်မူလာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ပါဒါဘွန်းအသင်းဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းရရှိဖို့အားထုတ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကို ထိန်းချူပ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဂိုးပြတ်အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၉ မိနစ်မှာ ကိုးမန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၂၅ မိနစ်မှာတော့ လီဝန်ဒေါစကီးက ဘိုင်ယန်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၄၂ မိနစ်မှာတော့ ကင်းမစ်ချ် က သုံးဂိုးမြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။၅၅ မိနစ်မှာတော့ တိုလီဆို က ဘိုင်ယန်အသင်းအတွက် လေးဂိုးမြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး ကျန်နှစ်ဂိုးကိုတော့ ရော်ဘင်တစ်ယောက်ထဲကပဲ (၈၆မိနစ် နဲ့၈၈မိနစ်) တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။