ကလေးအသုံးအဆောင်ပစ္စည်းဆိုင် ဖွင့်လှစ်လိုက်တဲ့ သက်မွန်မြင့်

လာမည့် နှစ်ဆန်းပိုင်းမှာ သမီးလေးမွေးဖွားတော့မယ့် သက်မွန်မြင့်တစ်ယောက်တော့ စီးပွားရေးတွေ သောင်းကျန်းနေလေရဲ့………

မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းအကျော်အမော်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်ဟာ " TN's and TM's Sweet Child" လို့ အမည်ရတဲ့ ကလေးအသုံးဆောင်ပစ္စည်းဆိုင်လေးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်တယ် လို့သိရပါတယ်။ ဒီဆိုင်လေးမှာ ကလေးနဲ့ ပတ်သတ်တဲ့ အသုံးအဆောင်ပစ္စည်းမျိုးစုံရရှိနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မကြာခင်ရောက်လာတော့မယ့် သားသားမီးမီးလေးတွေအတွက် ကြိုတင်ပစ္စည်းစုံစုံလင်လင်ဝယ်လို့ ရနိုင်တဲ့နေရာလေးလည်း ဖြစ်ပါတယ်။

ဆိုင်လေးက အမှတ် ၅၄ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်ဖွင့်ပွဲကို အနုပညာရှင်တွေနဲ့အတူ သတင်းမီဒီယာသမားအချို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကိုယ်ဝန်လရင့်ပြီမို့ အနုပညာအလုပ်တွေကို ပြီးခဲ့တဲ့လတည်းက ရပ်နားထားခဲ့တာဖြစ်ပြီး လာမည့်နှစ်ဦးပိုင်းမှာ မွေးဖွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။