ရန်ကုန် ဒီဇင်ဘာ ၉

တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ရေတွင်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၅ နာရီအချိန်က အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး မိမိကိုယ်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက ပြောပါတယ်။

ဥက္ကံမြို့အရှေ့ဘက် ရေတွင်းကုန်းကျေးရွာ မြန်မာစုနေ ကိုတူးတူးရဲ့ဇနီးဖြစ်သူ မသူဇာလင်း (၂၃ နှစ်) (ဘ)ဦးအေးလွင်ဟာ ခြံအနောက်ဘက်ရှိ မန်ကျီးပင်မှာ ကြိုးဆွဲချသေဆုံးနေကြောင်းကို မနက် ၅ အချိန်မှာ အဒေါ်ဖြစ်သူက တွေ့ရှိတဲ့အတွက် ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပါတယ်။

“လင်မယားချင်းစကားများရန်ဖြစ်တာလည်း မရှိဘဲ ဘာကြောင့် အခုလို သေဆုံးတာကို မသိကြောင်းနဲ့ မသူဇာလင်းမှာ ကိုယ်ဝန် ၂ လရှိပြီဖြစ်ကြောင်း၊ အိမ်ထောင်သက်ကလည်း ၂ နှစ်လောက်ရှိပြီး သေဆုံးသူဟာ ဒီဇာတိမဟုတ်ဘဲ တခြားမြို့မှ လာရောက်အိမ်ထောင်ကျတာ ဖြစ်တယ်” လို့ ရေတွင်းကုန်းကျေးရွာအုပ်ချူပ်ရေးမှူး ဦးဇော်မျိုးဦးက ဒီဗွီဘီကိုပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဥက္ကံနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၆ နဲ့ ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးအမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ဥက္ကံနယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။