ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံံမြို့အဝင်ဂိတ်၌ လုံခြုံရေးပူးပေါင်းအဖွဲ့များက မော်တော်ယာဉ် များအား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်စဉ် ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လှိုင်းဘွဲ့မှ ဘားအံဘက်သို့ ယာဉ်မောင်း သန်းနိုင်(ခ)ချစ်ကောင်း မောင်းနှင်ပြီး (အေအယ်လ်ပီပါတီမှ မှူးကြီးအဆင့်ရှိ) ခိုင်မိုးချမ်း(ခ)မောင်သာမြင့်၊ (အေအယ်လ်ပီပါတီမှ စီးပွားရေးတာဝန်ခံ) ခိုင်သိန်းဦး တို့လိုက်ပါလာသည့် ယာဉ်အမှတ် YGN 2G/------- ပါကျဲရိုးအမျိုးအစား ခဲရောင် မော်တော်ယာဉ်အားစစ်ဆေးစဉ် ယာဉ်ပေါ်မှ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) ၄ လက်၊ ၎င်းကျည်အိမ် အတို/အရှည် ၁၉ ခု၊ ၎င်းကျည် ၃၀၀ တောင့်နှင့် ငွေကျပ် သိန်း ၆၀ တို့အား သိမ်းဆည်းရမိခဲ့သည်။

လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ခိုင်မိုးချမ်း(ခ)မောင်သာမြင့်သည် မြဝတီ-မဲဆောက်သို့ ဒီဇင်ဘာ ရ ရက်တွင်ရောက်ရှိခဲ့ပြီး ခိုင်သိန်းဦးအား ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်-မြဝတီ-လှိုင်းဘွဲ့မှတစ်ဆင့် လော်ခီးလာသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ လော်ခီးလာရှိ ရခိုင်အဖွဲ့ထံမှ အဆိုပါ လက်နက်ခဲယမ်းများအား ယူဆောင်ပြီး ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူများအား ဘားအံမြို့နယ် ရဲစခန်းတွင်ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Ref., တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။