နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် သူမရဲ့ ပိုးထည်ဆိုင် လေး " ရွှေလွန်းသံ " မှာ ရိုက်ကူးထားတဲ့ ချစ်စဖွယ်ပုံရိပ် လေးတွေကိုတင်လိုက်ပြန်ပါပြီ ပရိတ်သတ်ကြီးရေ။ အသက်သုံးဆယ်ကျော်အရွယ်မှ အနုပညာလောကထဲ ပြန်လည် ဝင်ရောက် ခဲ့ပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတစ်ခုနဲ့ ပရိတ်သတ်တွေရဲ့ စိတ်နှလုံးကို အပြည့်အဝဖမ်းစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ရင့်ကျက်တဲ့အနေအထားတစ်ခုနဲ့ ကျက်သ ရေရှိတဲ့အလှတရားတစ်ခုကြောင့် ပရိတ်သတ်တွေရဲ့တခဲနက်အားပေးကြိုဆိုမှုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူပါပဲ။

သူမရဲ့အမဖြစ်သူနှင်းဝတ်ရည်သောင်းတစ်ယောက်ကတော့ အင်္ဂလန်နိုင်ငံမှာ ရုံးဝန်ထမ်း အဖြစ် အခြေချလုပ်ကိုင်ရင်း ဘဝကိုအေးအေးလူလူအဆင်ပြေပြေနဲ့ ဖြတ်သန်းနေပြီပဲဖြစ်ပါ တယ်။ ချစ်စရာကောင်းလွန်းတဲ့ ညီမနှစ်ယောက်က အနုပညာလောကထဲကို ဝင်ရောက်ခဲ့ ပြီး ခေတ္တပြန်လည်ပျောက်ကွယ်သွားပြီးနောက် ညီမဖြစ်သူ အေးဝတ်ရည်သောင်း တစ်ယောက် မအေးသောင်းအဖြစ်နဲ့ ပရိတ်သတ်တွေစီကို တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတစ်ခုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူမရဲ့ Facebook မှာ အမြဲလိုလို မြန်မာဆန်တဲ့ပုံရိပ်လေးတွေ တင်တတ်သလို ဒီတစ်ခေါက် မှာလည်း မြန်မာဆန်တဲ့သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို " ချစ်နေရင် လှနေတာပဲ.. " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အမြဲတမ်းကဗျာဆန်ဆန်စာလေးတွေရေးတင်တတ်တဲ့ အပျိုကြီးမမရဲ့ ဒီနေ့အတွက် မြန်မာဆန်တဲ့ချစ်စဖွယ်ပုံစံလေးကို တင်ဆက်ပေးလိုက်ပါ တယ်နော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။