ပရိသတ်အချစ်တော် အနုပညာရှင်တွေ တစ်ပျော်တစ်ပါးကြီးကခုန်နေတဲ့ ဗီဒီယိုလေးကတော့ လက်တလော လူမှုကွန်ယက် မှာအရမ်းကိုရေပန်းစားနေပါတယ်။မြင်ရသူပရိသတ်တွေကို ရယ်မောပျော်ရွှင်မှုတွေ ဖြစ်ပေါ် စေတဲ့ အဲ့ဒီချစ်စရာဗီဒီယိုလေးကတော့ ရှုတင်ရိုက်ကွင်းလေးတစ်ခုမှာ ဆုံကြရင်းအမှတ်မထင် ရိုက်ကူးဖြစ်ခဲ့တဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။သူတို့ကတော့ ကျားကျားယားယားမိန်းမသားများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကာကြီး ရိုက်ကူးနေကြတာဖြစ်ပြီး ပရိသတ်အချစ်တော် အနုပညာရှင်တွေ စုံစုံလင်လင်နဲ့ တကယ်ကိုပျော်စရာကြီးပဲ ပရိသတ်ကြီးရေ။ 

ကျားကျားယားယားမိန်းမသားများ ရုပ်ရှင်ဇာတ်ကာကြီးကတော့ ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးပုံဖော်နေတဲ့ ရယ်စရာဟာသ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာတော့ ပရိသတ်အချစ်တော် မင်းသား မင်းသမီးချောတွေအများကြီးအပြင် ဝါရင့်ဇာတ်ပို့သရုပ်ဆောင်များလည်း ပါဝင်ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်လေးအတိုင်း ကျားကျားယားယားမိန်းမသားများအဖြစ် သရုပ်ဆောင်နေ ကြတဲ့ မင်းသားချောတွေရဲ့ မိန်းမလျာဇာတ်ရုပ်လေးတွေကလည်း တကယ့်ကိုဟာသမြောက်လှတာကြောင့် ပုံရိပ်လေးတွေ ကြည့်ရတာနဲ့တင် အရမ်းကိုရယ်မောပျော်ရွှင်စရာကောင်းပါတယ်။ 

ဒီနေ့မှာတော့ချစ်ပရိသတ်တွေအတွက် ကြိူးစားနေကြတဲ့ သူတို့ကတော့ ရုပ်ရှင်ကားကြီးရိုက်ကူးနေရင်း ရိုက်ကွင်းပေါ်မှာ အမှတ်တရဖြစ်ရပ်လေးတစ်ခု အနေနဲ့ ရိုက်ကွင်းပေါ်မှာ တစ်ပျော်တပါးကြီးကခုန်နေကြတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု မျှဝေခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကိုတော့ မကြာသေးခင်ကမှစွံသွားခဲ့တဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ယက်မှာ “ရှုတင်မှာဆော့တာဆော့တာ”ဆိုတဲ့စာနဲ့အတူ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။အရမ်းကို ပျော်စရာကောင်းပြီး စိတ်လွတ်ကိုယ်လွတ်ကခုန်နေကြတဲ့ ချစ်စရာဗီဒီယိုလေးဖိုင်ကို ချစ်ပရိသတ်တွေ ပျော်ရွှင်သွား စေဖို့မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နန်းမြတ်ဖြိုးသင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။