နှတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမော်ဒယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ ပို်င်တံခွန်ကတော့ ဘန်ကောက်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ယမန်နေ့တွေတုန်းကလဲ ပရိတ်သတ်တွေအတွက် သူရဲ့လည်ပတ်နေတဲ့ပုံရိပ်လေးတွေများစွာကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်။ပရိတ်သတ်တွေရော ပိုင်ပိုင်ရဲ့ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်ကြရဲ့လား။

အခုဆိုရင်လဲ ပရိတ်သတ်တွေအတွက် ပုံအသစ်လေးတွေထပ်မံတင်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ All black ဝတ်ဆင်ထားတာကြောင့် တောထွက်မယ်လို့ထင်ရပေမယ့် အတောမသတ်နိုင်တဲ့ စွဲဆောင်မှုတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ယောကျာၤ်းပီသတဲ့ ခန္ဓာကိုယ်နဲ့ တည်ကြည်တဲ့မျက်နှာလေးကြောင့် နှုတ်ခမ်းနီမလေးတွေအတွက်တော့ အသည်းစွဲပါပဲ။

ပိုင်တံခွန်ကတော့ အသားမဖြူပေမယ့် ညိုချောလေးနဲ့စွဲဆောင်မှုရှိလှတဲ့ ကောင်လေးတစ်ယောက်ဆိုလဲမမှားပါဘူး။အားလပ်ချိန်တွေဆို ခရီးတွေထွက်ပြီး အနားယူတတ်တဲ့ ပိုင်တံခွန်ကတော့ အခုဆိုရင်လဲအနားယူနေရင်းနဲ့ သူ့ရဲ့ချစ်ပရိတ်သတ်တွေနဲ့တနေ့လေးတောင်မဝေးရစေဖို့ နေ့စဉ်ပုံလေးတွေတင်ပေးနေတာပဲဖြစ်ပါတယ်။ ချစ်ပရိတ်သတ်တွေအတွက် ဒီသတင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။