ဗီယက်နမ်အလှမယ်တစ်ဦးဖြစ်တဲ့ ငုရင်ထရန်ဟုရန်မေတစ်ယောက် မြန်မာပြည်ရဲ့ နာမည် ကျော် မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ငုရင်ဟာ မြန်မာ့ပရိတ်သတ်တွေရဲ့ အားပေးနှစ်သက်မှုအများဆုံးရရှိထားတဲ့ ပြည်ပမင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ 2017 ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ က အိမ်ရှင်ပြုလုပ်ပြီး ကျင်းပခဲ့တဲ့ Miss Grand International ပွဲမှာ သူမဟာ Winner ဆု ကို မရရှိခဲ့တာကြောင့် ဝမ်းနည်းမျက်ရည်ကျခဲ့ ပါသေးတယ်။  

မကြာသေးမှီကလည်း စိန်နန်းတော်ဆိုင်ရဲ့ ကြော်ငြာတစ်ခုရိုက်ကူးရန်ကမ်းလှမ်းခံရမှုကြောင့် မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးနောက်မှာတော့ ငုရင်လေးဟာ အာရှ ယူ၂၃ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော ဗီယက်နမ် ယူ၂၃ ဘောလုံးအသင်း ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပါတယ်။ အလှမယ်လေးငုရင်လေးက ဘောလုံးအသင်းသားတွေနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ပါတယ်။ သူမတက်ရောက်အားပေးမှုကို ဘောလုံးအသင်းသားတွေကလည်း ဝမ်းပန်းတစ်သာ ကြိုဆိုခဲ့ပုံကိုလည်း ပရိတ်သတ်ကြီးတွေ ပုံထဲမှာမြင်ရတဲ့အတိုင်းပါဘဲ။

စိတ်ထားဖြူစင်ပြီး နိုင်ငံအပေါ်ချစ်မြတ်နိုးတဲ့ သူမရဲ့စိတ်ထားလေးဟာ ပရိတ်သတ်တွေအချစ်ကိုတိုးပွားစေမှာ အမှန်ပါဘဲ။ မြန်မာနိုင်ငံရောက်တိုင်းလည်း ပရိတ်သတ်တွေအပေါ် ပျူငှာလှိုက်လှဲစွာဖော်ရွယ်မှုကြောင့် မြန်မာပရိတ်သတ်တွေလည်း သူကိုချစ်ကြမယ်လို့ ထင်ပါတယ်နော်။ ငုရင်ကိုချစ်တဲ့ပရိတ်သတ်တွေအတွက် သူမနဲ့ ဘောလုံးအသင်းသားတွေရဲ့အမိုက်စားပုံရိပ်တွေကိုလည်း လူမှုကွန်ယက်က ပရိတ်သတ်တွေအတွက် ဝေမျှပေးခဲ့ပါ သေးတယ်။

Source - ngu yin tran huyen may

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။