တစ်ချိန်က လူကြိုက်များခဲ့တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ အနုပညာလောကနဲ့ ဝေးကွာနေတာအတော်ကြာပါပြီ။

သူမဟာ အနုပညာလှုပ်ရှားမှုတွေမလုပ်ဖြစ်တော့ပေမယ့်လည်း သူမရဲ့မိသားစုဘဝဖြတ်သန်းပုံတွေကိုတော့ လူမှုကွန်ရက်ကနေ မျှဝေလေ့ရှိပါတယ်။

အိမ်ထောင်ရေးကံကောင်းတဲ့ အကယ်ဒမီ နန္ဒာလှိုင်ဟာ သမီးလေး(၃)ယောက်ထွန်းကားပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးဖြတ်သန်းနေတာဖြစ်ပါတယ်။

လက်တလောမှာတော့ သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ တင်ထားတဲ့ သမီး(၃)ယောက်ရဲ့ ပုံလေးတွေက လူချစ်လူခင်များနေတာဖြစ်ပါတယ်။

အမေတူသမီးချောလေးတွေဖြစ်ပြီး ၀၀ကစ်ကစ်ပုံစံလေးတွေမို့ ချစ်စရာကောင်းနေတဲ့ သမီးလေးတွေကို ပရိသတ်တွေကတော့ အသဲတယားယားနဲ့ အချစ်ပိုနေရပါတယ်။

အိမ်ထောင်ရှင်မဘဝနဲ့ ပျော်ရွှင်နေတဲ့ မင်းသမီး နန္ဒာလှိုင်ကတော့ အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး စိတ်ချမ်းသာကြည်နူးစရာကောင်းပါတယ်။

ပရိသတ်ကြီးရော နန္ဒာလှိုင်ရဲ့ သမီးလေးတွေကို ချစ်ရဲ့လား။ 

Source : NandarHlaingfb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။