ပရိသတ်အချစ်တော် အဆိုတော်ဇော်ပိုင်ကို ပရိသတ်များ ချစ်မယ်ထင်ပါတယ်။ အသံကောင်းကောင်းနဲ့ သီဆိုဟန်လေးတွေကြောင့် နေရာတစ်နေရာကို ရယူနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မနေ့က အဆိုတော်ဇော်ပိုင်နဲ့ သူ့ရဲ့ ချစ်ဇနီးလေးတို့ဟာ နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ခဲ့ပုံလေးကို ပြောပြထားတာတွေ့ရပါတယ်။ 

အဆိုတော်ဇော်ပိုင်နှင့် သူရဲ့ ချစ်ဇနီးလေးတို့ဟာ မနေ့ညက အပြင်ကို နှစ်ယောက်တည်း သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လင်မယားနှစ်ယောက်၏ လည်ပတ်မှုနဲ့ ပတ်သက်ပြီးတော့လည်း အဆိုတော် ဇော်ပိုင်က " ဒီနေ့တော့နှစ်ယောက်ထဲကမ္ဘာပဲ တစ်ခါတစ်လေအဲဒီ့အရသာကတော်တော်လေးမိုက်တယ် Anniversary နဲ့ Valentine's dayကလည်းနီးလာပြီကိုးဗျ " ဟူ၍ တင်ထားတာတွေ့ရပါတယ်။

အဆိုပါ စကားနဲ့အတူ မနေ့ညက လျှောက်လည်ခဲ့တဲ့ လင်မယားနှစ်ယောက်ရဲ့ ဓာတ်ပုံများနဲ့ အတူတင်ထားတာတွေ့ရပါတယ်။ ချစ်စရာ သားငယ်လေး ရွှေပိုင်ကို အိမ်မှာထားပြီး အားလပ်အချိန်လေးမှာ ချစ်ဇနီးနဲ့ နှစ်ယောက်တစ်ကမ္ဘာ တစ်ဆောက်ခဲ့တဲ့ အဆိုတော်ဇော်ပိုင်ရဲ့ ဓာတ်ပုံများနဲ့ အတူ ချစ်ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - Zaw Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။