ခေတ်လူငယ်အကြိုက် ဒီဇိုင်းဆန်းဆန်း ဂျင်းဖက်ရှင်များကိုသာ နှစ်ခြိုက်စွာဝတ်ဆင်တ က်သူကတော့ ကိတ်ကိတ်လေးနဲ့ လှနေတဲ့ မင်းသမီးချောလေး မေပန်းချီပါ ပရိသတ်ကြီးရေ ။ Kate Aamzing Jean ဆိုတဲ့ ဂျင်းဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားတဲ့ သူမက ဂျင်းဖက်ရှင်နဲ့ပတ်သတ်လို့ ဒီဇိုင်းရှာမယ်ဆိုရင်တော့ မေပန်းချီကိုသာ ကြည့်လိုက်ပါလို့ ပြောရလောက်အောင်ကို အမြဲတမ်းဂျင်းအလန်းစားတွေနဲ့သာ တွေ့နေရပါတယ်။

သူမကတော့ဒီလို ပုံကလေးတွေကို လူမှုကွန်ရက်က သူမရဲ့Fan အတွက်မကြာခဏဆိုသလို ပြန်လည်မျှဝေတက် သူတစ်ယောက်ပါ။

လက်ရှိအနေအထားများအရ သူမတို့ဟာ စိတ်တိုင်းကျဇာတ်ရုပ်များကို ရွေးချယ်ခွင့်မ ရှိရသေးတာမို့ အခုအချိန်မှာတော့ ကျရာဇာတ်ရုပ်ကိုသာ အကောင်းဆုံးကြိုးစားကာ ပရိသတ်နဲ့ အဆက်မပြတ်ဖို့ ရိုက်ကူးနေပါတယ်လို့ ဆိုပါတယ်။“ လင်ကြောက်ရွာ” ဆိုတဲ့ အချစ်ဟာသရုပ်ရှင်ကားကြီးများနဲ့ ဇာတ်လမ်းတွဲများကို ရိုက်ကူးနေပြီး နယ်ရှိိုးပွဲ တွေမှာလည်း ရက်ဆက်ဆိုသလို မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။

အချစ်နဲ့ ပတ်သက်လို့တော့ ခံစားချက်တွေကို ထပ်ပြီး ဦးစားမပေးတော့ဘူးလို့ ဆိုထားသလို အချစ်နဲ့ဝေးဝေးနေဖို့ ဆုံးဖြတ်ထားတယ်လို့လဲ ဆိုပါတယ်။ ဒါကြောင့် လာမယ့် ချစ်သူများနေ့ မှာတော့ တစ်ယောက်တည်းရှိတဲ့သူမကို ချောကလတ်တွေ လာမကျွေးပါနဲ့လို့လဲ စနောက်ထားပါသေးတယ်။ ရန်ကုန်မှာမရှိပေမယ့် တကူးတကလာပေးမယ်ဆိုရင်တော့ မတက်နိုင်တာမို့ စာပေးပါ့မယ်လို့ ဆိုပါတယ်။

ဒါကတော့ ဂျင်းဖက်ရှင်ဘုရင်မလေး မေပန်းချီရဲ့ လတ်တလောလှုပ်ရှားမှု အကြောင်း အရာတွေပဲ ဖြစ်ပါတယ်။

Source – May Pan Che FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။