မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမော်ကတော့ ဖေ့ဘုတ်ဆယ်လီတစ်ဦးလည်းဖြစ်တာမို့ ပရိသတ်တွေနဲ့မစိမ်းတဲ့သူလေးဖြစ်ပါတယ်။

မကြာသေးမီလပိုင်းကထဲက ရုတ်တရက် အိမ်ထောင်ပြုလိုက်တဲ့ သတင်းတွေထွက်ပေါ်လာတာမို့ ပရိသတ်တွေကြားမှာ အံအားသင့်စရာဖြစ်ခဲ့ပါတယ်။

နန်းမော် နဲ့သူမရဲ့ ချစ်သူကောင်လေး ကို
  ့ နေနဲ့လရွှေနဲ့မြ လို လိုက်ဖက်ညီလွန်းလို့ အားကျနေရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ(၅)ရက်နေ့မှာတော့ နန်းမော်တို့စုံတွဲရဲ့ မင်္ဂလာပွဲလေးကို သူမရဲ့ မွေးရပ်မြေ ဖြစ်တဲ့ မန္တလေးမြို့မှာပဲ စည်စည်ကားကားကျင်းပခဲ့တယ်လို့သိရပါတယ်။

အနုပညာလောကရဲ့ တက်သစ်စ ထွန်းတောက်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တာမို့ အခုလို ရုတ်တရက်အိမ်ထောင်ပြုလိုက်တာနဲ့ပတ်သက်ပြီး သူမကို နှမြောတသဖြစ်နေသူအချို့လည်း ရှိကြပါတယ်။

သတို့သမီးလောင်းလေး နန်းမော်ကတော့ ဂါ၀န်လေးနဲ့ အရမ်းကို ပျော်ရွှင်နေပြီး ချစ်စရာကောင်းနေပါတယ်။

လူမှုကွန်ရက်မှာ သူမကိုချစ်ခင်အားပေးဝန်းရံသူတွေများနေတဲ့ နန်းမော်ကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂)မှာ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နန်းမော်အတွက် ဂုဏ်ပြုစကားလေးပြောပေးလိုက်ဦးနော်။  

Source : Nanthirimaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။