နာမည်ကျော်မော်ဒယ် သရုပ်ဆောင် အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ နေခြည်ဦး တစ် ယောက် မနေ့ကရုံတင်ပြသခဲ့တဲ့ Dimensions ( မျက်နှာပြင်များ ) ဇာတ်ကားရဲ့ Press Show ပွဲကိုသွားရောက်အားပေးခဲ့ပါတယ်။ ဒီပွဲမှာ သူမကဆံပင်အရှည်အနက်ကလေးနဲ့ အလှကြီး လှလွန်းနေပါတယ်။ သူမရဲ့ပရိတ်သတ်တွေက ဆံပင်အရှည်လေးနဲ့မြင်ချင်တယ်လို့ဆိုတာ ကြောင့် ဝယ်ခဲ့တာဖြစ်ပါတယ်။ ဆံပင်အတု လို့လုံးဝမထင်ရပဲ တကယ့်ဆံပင်အစစ်ပုံစံမျိုး ဖြစ်ပြီး သူမရဲ့တကယ်ကိုလိုက်ဖက်လွန်းနေပါ တယ် ပရိတ်သတ်ကြီးရေ။ ဆံပင်အတိုလေး နဲ့တုန်းက ချီချီ့ရဲ့ ပုံစံလေးကလည်း ချစ်စရာ ကောင်းပြီး ခုဆံပင်ရှည်လေးနဲ့ဆိုတော့လည်း တစ်မျိုးလေးကျက်သရေရှိရှိ လှပလွန်းနေ ပါတယ်။

သူမဟာ အောင်မြင်တဲ့အနေအထားတစ်ခုမှာရပ်တည်နေတာဖြစ်ပြီး Photo Model အဖြစ်နဲ့ လည်း ဓာတ်ပုံတွေရိုက်ကူးနေပြီဖြစ်ပြီး ရုပ်ရှင်ကားလည်းရိုက်ကူးဖို့ လက်ခံထားပါသေး တယ်။ Make me beautiful အစီအစဉ်မှာ ဒိုင်လူကြီးအနေနဲ့လည်း ပါဝင်ခဲ့ပါသေးတယ်။ သိပ်မကြာသေးခင်က ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Maybelline New York ပွဲမှာ GiGi နဲ့တွေ့ ဆုံခဲ့ပြီး သူမရဲ့မွေးနေ့ပွဲအတွက် BD Wish လေးလုပ်ပေးခဲ့ပါသေးတယ်။ တကယ်ကိုကြည်နူး စရာအခိုက်အတန့်လေးတွေကို ပိုင်ဆိုင်ခဲ့ရတဲ့ ချီချီ့အတွက် သူမရဲ့ပရိတ်သတ်တွေကလည်း ဝမ်းသာကြည်နူးမဆုံးဖြစ်နေကြပါတယ်။

လုံးဝအစစ်လို့ထင်ရတဲ့သူမရဲ့ဆံပင်အတုလေးက တကယ်ကို သပ်ရပ်ပြီး ကျကျနနလှပနေ တာပဲဖြစ်ပါတယ်။ Dimensions ( မျက်နှာပြင်များ ) ဇာတ်ကားရဲ့ Press Show ပွဲကိုတက် ရောက်လာတဲ့သူမရဲ့ဖက်ရှင်ကလည်း တကယ်ကိုအလန်းဇယားပါပဲ။ ဘယ်လိုပုံစံလေးပဲ ဝတ်ဝတ် သူမနဲ့အမြဲတမ်း လိုက်ဖက်လွန်းတာနေပါတယ်။ ချစ်စရာကောင်းတဲ့ ချီချီ့ရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Nay Chi Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။