မြန်မာရုပ်ရှင်လောကရဲ့ လက်ရှိရေပန်းစားနေတဲ့ ဒါရိုက်တာမင်းသားကြီး သားညီကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ လက်ရှိရေပန်းစား နေတဲ့ဒါရိုက်တာတွေထဲ က တစ်ဦးဖြစ်တဲ့အပြင် တက်သစ်စ လူငယ်တွေကို လက်တွဲခေါ်ယူနေသူတစ်ဦးလည်းဖြစ်ပါတယ်။ မကြာမီ ရိုက်ကူးမည့် တက္ကသိုလ်ဇာတ်ကားတွဲအတွက် ကျောင်းသူများဘက်မှ ဖြစ်ရပ်များကို ရေးသားဖို့ အမျိုးသမီး ဇာတ်ညွန်းရေးဆရာတစ်ယောက်လို အပ်နေကြောင်းပြောပြထားတာတွေ့ရပါတယ်။

လက်ရှိ ထွက်ရှိထားတဲ့ ပတ်ပတ်စက်စက် " ညို့"ဇာတ်ကားတွင် အောင်မြင်တစ်ခုကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ သားညီကတော့ လာမည့် March လမှာ ဇာတ်ကားသစ်တစ်ခုရိုက်ကူးရန် စီစဉ်ထားကြောင်း သိရပါတယ်။ အဆိုပါ ဇာတ်ကားနဲ့ ပတ်သက်ပြီး " March လမှာ စတင်ရိုက်ကူးမယ့် တက္ကသိုလ်နောက်ခံ ဇာတ်လမ်းတွဲအတွက် ကျောင်းသူများဘက်မှ ဖြစ်ရပ်များကို ရေးသားဖို့ အမျိုးသမီး ဇာတ်ညွှန်းရေးဆရာတစ်ယောက် လိုနေပါတယ်ခင်ဗျာ ... ရှိပြီးသား ဇာတ်ညွှန်းအဖွဲ့နဲ့ ပူးပေါင်းရေးသားရမှာဖြစ်ပါတယ် ... အနုပညာကြေးရရှိခံစားရမှာဖြစ်ပါတယ် ။ ဟာသခန်းအနည်းငယ် ပါဝင်ရေးသားရမှာဖြစ်ပါတယ် ... တက္ကသိုလ်နဲ့ပတ်သက်တဲ့ အမှတ်တရများရှိသူဆို ပိုအဆင်ပြေပါတယ် ... စိတ်ပါဝင်စားသူများ Messenger မှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...သားညီ " ဟူ၍ ဖော်ပြထားတာတွေ့ရပါတယ်။

ကဲ ပရိသတ်ကြီးရေ! ပရိသတ်တွေထဲက ဝါသနာပါသူ ဒါမှမဟုပ် ဇာတ်ညွန်းရေးရ တာစိတ်ဝင်စားသူ တိုင်းအတွက် အခွင့်တစ်ခုလည်းဖြစ်လာမှာ အမှန်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒါရိုက်တာ သားညီရဲ့ ဒီကနေ့ တင်ထားခဲ့တဲ့ ဇာတ်ညွန်းဆရာမခေါ်ယူမှုကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source - Thar Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။