ကိုယ့်ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘဘိုးဘွားတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အားငယ်မှုတွေရှိလာတက်သလို အရာရာတိုင်းကို စိုးရိမ်ပူပန်နေတာမျိုးတွေလည်း ရှိတက်ကြပါတယ်။ ဒါတွေကြောင့် သူတို့ကစိတ်ပူလို့ပဲ ဖြစ်ဖြစ် နားမလည်လို့ပဲဖြစ်ဖြစ် မေးတဲ့အခါ အကောင်းဆုံးပြန်လည်ရှင်းပြရမှာက သားသမီး မြေးတွေရဲ့ တာဝန်ပါ။

ဒါကြောင့် ဒီစကားတွေကိုလုံးဝမပြောပဲ နေကြရအောင်နော် ။

(၁) ပြောပြပြီးသားကို ထပ်မေးတဲ့အခါ ။

မေ့သွားလို့ ပြန်လည်မေးတဲ့အခါ သေချာစွာပြန်လည်ရှင်းပြဖို့ မမေ့ပါနဲ့။

(၂) ဘာမှမလုပ်ဖို့ ပြောလိုက်တဲ့အခါ ။

ငယ်စဉ်ကတည်းက ချက်ပြုတ်ကျွေးမွေးလာတဲ့သူတွေမို့ လိုက်ပြီးလုပ်ပေးတာကို အနှောင့်အယှက်တစ်ခုလို့ မထင်ပါနဲ့။

(၃) အစားအသောက်တွေ အတင်းကျွေးတဲ့အခါ ။

အာဟာရ ဖြစ်စေလို့ ဝယ်လာတဲ့အရာမှန်ပေမယ့် နှမျောလို့ဖြစ်ဖြစ် မစားချင်လို့ပဲ ဖြစ်ဖြစ် သူတို့တွေမစားချင်တဲ့အရာတွေကို အတင်းကျွေးတာမျိုး ရှောင်ကြဉ်ရအောင်နော် ။

(၄) ဖုန်းတွေခဏခဏ ဆက်တဲ့အခါ ။

အသက်ကြီးလို့ စိတ်ပူတက်တာမို့ ဖုန်းတွေဆက်တဲ့အခါ စကားမဆုံးသေးခင် ချပစ်လိုက်တာမျိုး မလုပ်ပါနဲ့။

(၅) အကြိုက်တွေပြောင်းလဲလာတဲ့အခါ ။

အသက်အရွယ်အရ အကြိုက်တွေပြောင်းလဲလာတဲ့အခါ မကြိုက်တော့ပြန်ဘူးလား ? မဟုတ်တော့ပြန်ဘူးလား ? ဆိုတဲ့မေးခွန်းတွေနေရာမှာ နောက်တစ်ခါရော ဘာလုပ်ချင်လဲလို့ မေးပေးဖို့ မမေ့ပါနဲ့ ။

ဒါဆိုရင် စကားပြောတဲ့နေရာမှာ သတိထားပြီး အားငယ်နေတဲ့ မိဘဘိုးဘွားတွေကို နွေးထွေးစွာ တူတူစောင့်ရှောက်ရအောင်နော် ။

Source  – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။