ဟောလိ၀ုဒ်မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ ခင်ပွန်းဟောင်း မင်းသား ဘရက်ပစ် တစ်ယောက် ဖေဖော်ဝါရီလ(၄)ရက်နေ့က ယာဉ်တိုက်မှုအသေးစားဖြစ်ခဲ့တယ်လို့သိရပါတယ်။

လော့အင်ဂျလိစ်မှာ ဖြစ်ပွားခဲ့တဲ့ ကားသုံးဆင့် ဆင့်တိုက်မှုမှာ ဘရက်ပစ်ရဲ့ ကားလည်း ပါ၀င်ခဲ့ပါတယ်။

အသက်(၅၄)နှစ်အရွယ် ဘရက်ပစ် တစ်ယောက် ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့နားမှာ ကားဒရိုင်ဗာနှစ်ဦးနဲ့ အချက်အလက်တွေတောင်းရင်း စကားပြောနေတဲ့ပုံတွေကို mirror သတင်းဌာနက ဖော်ပြထားတာဖြစ်ပါတယ်။

ဘရက်ပစ်မောင်းလာတဲ့ ကားအနက်ရောင်လေးဟာ ငွေရောင် Nissan ကားနဲ့ ၀င်တိုက်မိခဲ့တာဖြစ်ပြီး အနည်းငယ်သာ ထိခိုက်ပွန်းပဲ့ခဲ့တာဖြစ်ပါတယ်။

ဘရက်ပစ်ဟာ အပျက်အစီးဖြစ်တဲ့နေရာတွေကို သူကိုယ်တိုင် ဖုန်းနဲ့ ဓာတ်ပုံတွေရိုက်ယူနေတာကိုတွေ့ရပါတယ်။

တိုက်မိတဲ့ကားပိုင်ရှင်တွေနဲ့ ပြေပြေလည်လည်ပဲ စကားပြောရင်း လက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့သိရပါတယ်။

အော်စကာဆု ဆန်ကာတင်စာရင်းဝင်တဲ့ ဘရက်ပစ်တစ်ယောက် အဲ့ဒီနေ့က အဖြူရောင်တီရှပ်လက်ရှည်နဲ့ ဦးထုပ်ဆောင်းထားတာဖြစ်ပါတယ်။

ကလေး(၆)ယောက်ရဲ့ဖခင် ဘရက်ပစ်ဟာ (၂၀၁၆)ခုနှစ်နောက်ပိုင်းမှာ အင်ဂျလီနာဂျိုလီနဲ့ ကွာရှင်းခဲ့တာဖြစ်ပါတယ်။

Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။